အမြို့မြို့အနယ်နယ်သတင်းများ

Aug 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ်တွင် အသက် ၆ လမှ  ၅ နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေ တိုက်ကျွေးပြီး၊ အသက်  ၂ နှစ်မှ ၅ နှစ်အထိကလေးငယ်များအား သံချဆေး
Aug 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် ယူနစ် ဆုံးရှုံးမှု မဖြစ်စေရေးအတွက် ယနေ့နံနက်ပိုင်းက အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက်တို့တွင် လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Aug 18,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အား အဆင်ပြေ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေး ခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ၊ ပင်လောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Aug 18,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သော မဲဆန္ဒ ရှင်စာရင်းများ ရရှိနိုင်ရန်အတွက် မြို့နယ်မဲဆန္ဒရှင် စာရင်းစိစစ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီခွဲတွင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Aug 18,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ ၊ မြို့နယ်အတွင်းသြဇာတိက္ကမ ရှိသူများ တွေ့ဆုံ၍ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းနိုင်ရေး ညှိနှိုင်း ဆွေးနွေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 18,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊နမ့်ခမ်းမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်၊ စာပေချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာ"လယ်တွင်းသား စောချစ်" ရေးသားထားသည့် "ပန်းလိုချင် အပင်ကိုပျိုးတက်မှ" စာအုပ်ဖြင့် ယနေ့ နံနက်(၉)နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။