အမြို့မြို့အနယ်နယ်သတင်းများ

Aug 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ထန်းကျွန်းဆိပ်သာကျေးရွာအုပ်စု၊ ဖန်ခါးကုန်း ကျေးရွာ၊ တောဖျားကျေးရွာ၊ ရှော်ဖြူချောင်ကျေးရွာတို့တွင်
Aug 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ဆေးဆိုင်၊ ဆေးခန်းများ လိုင်စင်သစ် နှင့် လိုင်စင်သက်တမ်းတိုးခြင်းများ ပူးပေါင်း စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က ပူးပေါင်းစစ်ဆေးခဲ့သည်။
Aug 18,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ အလယ်မန်ကျေးရွာ ရွာဟောင်းလမ်းတွင် မူးယစ်ဆေးဝါးသတင်းအရ ဘုတ်ပြင်းရဲတပ်ဖွဲ့စခန်းမှ ဒုရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာတာဝန်ရှိအဖွဲ့များသည် ယမန်နေ့မွန်းလွဲပိုင်းက စောင့်ဆိုင်းနေစဉ် ရွာလမ်းအတိုင်း လမ်းလျှောက်လာသည့်
Aug 18,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်မှု ရှိစေရန် မြို့နယ်လုံးကျွတ် မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လှုပ်ရှားမှုကို ယမန်နေ့ည (၇)နာရီမှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဇူလိုင်လ (၂၅)ရက်နေ့မှ ဩဂုတ်လ (၁၄)ရက်နေ့အထိ ပထမအကြိမ် ကပ်ထားကြေညာထားရာတွင် လာရောက်ကြည့်ရှုသူ ဦးရေ (၅၂၂၆၂) ဦးရှိကြောင်း သိရှိရသည်။
Aug 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၌ အသက်(၆)လမှ (၅)နှစ်အောက် ကလေးများ ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်၁၀နာရီက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်တာဝန်ရှိသူတို့က စုပေါင်း ဆောင်ရွက်ကြကြောင်း သိရသည်။
Aug 18,2020
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ မြန်အောင်မြို့နယ် လူမှုဖူလုံရေး ရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများကို ယနေ့နံနက်က ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေ နှင့်အညီ အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။
Aug 18,2020
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် မိုးဦးကာလ မိုးခေါင်မှုကြောင့် တောင်သူအများစုမှာ အခြောက်ထယ်ရေးဖြင့် စပါးများကြဲပက်ခဲ့ကြပြီး စပါးစိုက်ပြီး နှစ်လခန့်အကြာတွင် ပေါင်းမြက်ပင်များကို မနိုင်မနင်း ရှင်းလင်းနေကြရသည့်အတွက် စပါးပင်အောင်မြင်ဖြစ်ထွန်းမှုနှင့် ထွက်နှုန်းထိခိုက်မည်ကို တောင်သူများ စိုးရိမ်လျက်ရှိနေကြောင်း သိရှိရသည်။
Aug 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ COVID-19 Economic Relief Plan (CERP) အရ COVID-19 ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။