Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မူဆယ်မြို့၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများအား တတိယအကြိမ် ဆက်လက်ထောက်ပံ့
Aug 18,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် နှစ်သောင်း ကျပ်နှုန်းဖြင့် တတိယအကြိမ် ဆက်လက်ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က မူဆယ်မြို့၊ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးဟောင်း)၊ အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာ မြို့ဦးစီးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ အသီးသီးလွှဲပြောင်း ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့နယ် ဆိုက်ခေါင်ကျေးရွာတွင် ထောပတ်စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းကြောင်းသိရှိရ
Aug 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် တိလုံကျေးရွာ အုပ်စု၊ ဆိုက်ခေါင်ကျေးရွာတွင် နှစ်ရှည်ပင်ဖြစ်သော ထောပတ်စိုက်ပျိုးတောင်သူများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း ထောပတ်စိုက်ပျိုးတောင်သူတစ်ဦးထံမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိ
Aug 18,2020
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ မြိုင်သာကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယနေ့နံနက် (၁၀) နာရီက ပဉ္စမအကြိမ်မြောက် စီမံကိန်း လည်ပတ်ရန်ပုံငွေကို ကျေးရွာအရောက်သွားရောက်ပြီး ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထုတ်ပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်ခရိုင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးလုပ်ငန်းညိှနှိုင်းစည်းဝေးကျင်းပ
Aug 18,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လွိုင်လင်ခရိုင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားတွင် အခြေခံလူတန်းစားအိမ်ထောင်စုများသို့ နိုင်ငံတော်အစိုးရမှ (ဒုတိယအကြိမ်) ငွေကျပ်နှစ်သောင်း ထောက်ပံ့ပေးအပ်
Aug 18,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ (ဒုတိယအကြိမ်) ထောက်ပံ့သော ငွေကျပ်နှစ်သောင်းအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ၏ ပုံစံ(၃)၊ ပုံစံ(၄)နှင့် ပုံစံ(၄-ဂ) တို့ဖြင့် လျှောက်ထားလာမှုများကို ပြင်ဆင်ဆောင်ရွက်
Aug 18,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ညောင်ရွှေမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၁၄ ရက်ထိ ပထမအကြိမ် ထုတ်ပြန်ကြေညာပေးခဲ့ရာ မဲဆန္ဒရှင်စာရင်းများ၏ မဲစာရင်း ထည့်သွင်းရန်၊ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်လျှောက်ထားလာမှုများကို ပြင်ဆင်ဆောင်ရွက်ပေး လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအ…
Aug 18,2020
ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ တွေ့ဆုံ၍ ကလေးသူငယ်များ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့နယ်၊ ကန်သာယာကျေးရွာတွင် ဓါးဖြင့်ခုတ်သူအားဖမ်းဆီး အရေးယူ
Aug 18,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကန်သာယာကျေးရွာနေ ဦး---သည် နေအိမ်၌ရှိနေစဉ် သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် နေအိမ်ရှေ့ လက်ဖက်ရည်ဆိုင်ရှိ ကို---မှ ဦး----၏ဇနီး ဒေါ်---အား ကန်သာယာကျေးရွာ ရေကန်ဘောင်အနီး တွင် တစ်ရွာတည်းနေ မင်းမြတ်ဦး(ခ)ပလုံးမှ ဓါးနှင့်လိုက်ခုတ်နေကြောင်း အော်ပြောသဖြင့် ရေကန်ဘောင်သို့ သွားရောက်ခဲ့ရာ ဇနီးဖြစ်သူ စီးနင်းသည့် ဆိုင်ကယ်မှာ လဲကျနေပြီး ဆိုင်ကယ်အနီးတွင် ဒေါ်---မှာ သွေးများထွက်ကာ လဲကျသေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30009
Page
30010
Page
30011
Page
30012
Current page
30013
Page
30014
Page
30015
Page
30016
Page
30017
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department