Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်တလုံးကြီးမြို့၌ အသက်(၁၈)နှစ် ပြည့်ပြီးသူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်များ ကွင်းဆင်းပြုလုပ်ပေး
Aug 14,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ နောင်ပစ်ကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာများမှ အသက်(၁၈)နှစ် ပြည့်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိစေရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိ စစ်ရေးကတ်ပြားများကို ယနေ့ နံနက် ၁၀ နာရီက ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး (၂/ ၂၀၂၀) နှင့် ငွေဗိုက် application နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး
Aug 14,2020
မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး (၂ /၂၀၂၀)နှင့် ငွေဗိုက် application နှင့်ပတ်သက်၍ ရှင်းလင်းမိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က နန်းထိုက်သူဟိုတယ်၌ကျင်းပခဲ့ရာ မကွေးတိုင်း ဒေသကြီး ကလေး သူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေး ဝန်ကြီး၊ ဒေါက်တာခင်မောင်အေးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးခရိုင် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းလွှာများ စိစစ်ခြင်းလုပ်ငန်းဆောင်ရွက်
Aug 14,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာများစိစစ်ခြင်းအား ယမန်နေ့နံနက် ၁၀နာရီအချိန်က ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တမူးခရိုင်၊ မြို့သစ်မြို့တွင် ချောင်းရေတိုက်စား၍ ပြိုကျသွားသော သစ်သားတံတားအား ယာယီသွားလာနိုင်ရေး ကိုယ်ထူ ကိုယ်ထဆောင်ရွက်
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် လွန်ခဲ့သောလက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နန်းသလားချောင်းရေတိုက်စားပြီး သစ်သားတံတား ပြိုကျသွားခဲ့ရာ ယာယီ သွားလာနိုင်ရေးအတွက် ရွာသာကျေးရွာနှင့်မွေလင်းကျေးရွာမှ ဒေသခံများမှ ယနေ့နံနက်က ကိုယ်ထူကိုယ်ထ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့၌ စျေးများနှင့် လိုင်စင်ထုတ်ပေးထားသော စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များတိကျစွာ လ…
Aug 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၏ သြဂုတ်လ ၁၃ ရက် ကြေညာချက်အမှတ် ၂၃/၂၀၂၀အရ အများပြည်သူသိရှိရန်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုအောက်ရှိစျေးများ လိုင်စင်ထုတ်ပေးထားသည့် စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင် များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ တိကျစွာ လိုက်နာဆောင်ရွက်ကြရန် ယနေ့နံနက် ၉ နာရီက လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်
Aug 14,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ရုံးမှ ပင်မွန်းကျေးရွာအုပ်စုနှင့် စင်းတောင်းကျေးရွာ အုပ်စုအတွင်းရှိ အသက်(၁၈) ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့်သူ များအား သစ္စာ စီမံချက်ဖြင့် ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ဘိုကုန်းဈေး ဈေးရုံသစ် အပိုင်း(၂)နှင့် (၃) တည်ဆောက်နေမှုပြီးစီးသည့် အခြေအနေအား ကွင်းဆင်းစစ်ဆေး
Aug 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင် ပြေချောမွေ့စေရန် ရည်ရွယ်၍ ဘိုကုန်းဈေး ဈေးရုံသစ် အပိုင်း(၂)နှင့်(၃)တည်ဆောက်နေမှု ပြီးစီးသည့် အခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ဖြူမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မရှိစေရေးစီမံဆောင်ရွက်ထားမှုများ ကွင်းဆင်းစစ်ဆေး
Aug 14,2020
မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ်တွင် အခြေခံပညာ အထက်အဆင့်ကျောင်းသား/ကျောင်းသူများအား ဖွင့်လှစ် သင်ကြားပေး လျှက်ရှိသည့် ကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် စီမံဆောင်ရွက် ထားရှိသောလုပ်ငန်း ရပ်များနှင့်အညီ လိုက်နာဆောင်ရွက်ရေးအတွက် မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ် ပညာရေးဌာနတို့က ပူးပေါင်း ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30157
Page
30158
Page
30159
Page
30160
Current page
30161
Page
30162
Page
30163
Page
30164
Page
30165
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department