Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းပန်မြို့နယ်တွင် (CERP)အစီအစဉ်အရ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အခြေခံစားကုန် (၅) မျိုးအတွက် ထောက်ပံ့ငွေများ ဒုတိယအကြိမ် သွားရောက်ပေးအပ်
Aug 14,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက် (CERP) အစီအစဉ်အရ အခြေခံစားကုန် (၅) မျိုးအတွက် ထောက်ပံ့ငွေများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက ဒုတိယ အကြိမ် အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများ စျေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ကြက်သွန်ဖြူနှင့် အာလူးများအား မြို့နယ်သမဝါယမဦးစီးဌာနမှရောင်းချ
Aug 14,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမ အသင်းစု လီမိတက်တို့၏ ကြီးကြပ်မှုဖြင့် ပြည်သူများအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ကြက်သွန်ဖြူ(တစ်လုံးဥ)များနှင့် အာလူးများအား စျေးနှုန်းသက်သာစွာဖြင့် ဖြန့်ချိရောင်းချနိုင်ရေး လုပ်ငန်းများကို ယမန်နေ့ မွန်းလွဲပိုင်းက စတင်ကာ မြို့နယ်သမဝါယမအသင်းစု လီမိတက်၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၅၈၉၆) စု အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ(တတိယအကြိမ်)ပေးအပ်
Aug 14,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလ အတွင်း ၌ ပြည်သူများ စား၊ ဝတ်၊ နေရေး ပြေလည်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ် သော ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် (တတိယ အကြိမ်) ထောက်ပံ့သည့် တစ်အိမ် ထောင်လျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀) စီကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ တာဝန်ရှိသူများက ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြ သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center)၌ စာဖတ်ဝိုင်းကျင်းပ
Aug 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ပြည်သူများ အသိပညာတိုးပွား စေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လယ် (၁)နာရီအချိန်တွင် စာရေးဆရာ ကျော်ဝင်းရေးသားသော ‘နှစ်ဆယ့်တစ်ရာစု သားရွှေဥ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Center)တွင် ကျင်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် နိုင်ငံတော်က ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား စတုတ္ထအကြိမ် ငွေကျပ်နှစ်သောင်းစီ ထပ်မံထောက်ပံ့
Aug 14,2020
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် နိုင်ငံတော်က ပုံမှန်ဝင်ငွေမရှိသော အခြေခံလူ တန်းစားများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန ရွှေပေါက်ပင် အစည်းအဝေး ခန်းမ၌ ထောက်ပံ့ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကာလိမြို့၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ် စာစောင်များပြသ
Aug 14,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို သြဂုတ်လ ၁၄ ရက်နေ့ မှ စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကာလိမြို့ရုံး နံရံကပ်စာစောင် ပြဘုတ်များ ဖြင့် ခင်းကျင်းပြသထားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေနှင့်အဖွဲ့ အမာမြို့ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်း စစ်ဆေး
Aug 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့သို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်နှင့်အဖွဲ့သည် ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် အမာမြို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နေမှုကို ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လင်းခေးတွင် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Aug 14,2020
အများပြည်သူတို့ စာပေကို လွယ်လင့်တကူငှားရမ်း ဖတ်ရှုလေ့လာနိုင်ရန်ရည်ရွယ်လျက် ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင် ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် ယနေ့ မွန်းလွဲ ၁ နာရီက လင်းခေးခရိုင်နှင့် မြို့နယ် မီးသတ် တပ်ဖွဲ့ရုံးသို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ စာကြည့်တိုက် အသင်းဝင်များ တိုးပွားရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း တို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30160
Page
30161
Page
30162
Page
30163
Current page
30164
Page
30165
Page
30166
Page
30167
Page
30168
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department