အမြို့မြို့အနယ်နယ်သတင်းများ

Aug 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဈေးများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီ အချိန်က စစ်ဆေးခဲ့သည်။
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့််ရဒေသ၊ နန်းယွန်းမြို့တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ညွှန်ကြားချက်များနှင့် အညီ ပြင်ဆင်ဆောင်ရွက် ရောင်းချခြင်း ရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွှဲပိုင်းက မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင်များတွင် ရှောင်တခင်ကွင်းဆင်းစစ် ဆေးခဲ့ကြောင်းသိရသည်။
Aug 14,2020
သာယာဝတီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်းရေးအတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနိုင်းရေးကော်မတီ မဲဆွယ်စည်းရုံးရေးကာလတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီများနှင့် ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအကြား အငြင်း ပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း၌ ယနေ့ နံနက် ၁၀ နာရီက ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
Aug 14,2020
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်ပြင်တွင်း Crew Change ပြုလုပ်ရန် M/S ADVANCED CONTAINER LINE (SINGAPORE) ပိုင် MV.KOTA ARIF သင်္ဘောပေါ်မှ သင်္ဘောသား (၈) ဦး Sing Off ထွက်လာရာ ယမန်နေ့ နေ့လယ်ပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
Aug 14,2020
ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးဦးဝင်းမြင့်သည် တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်မိုးမိုးအေး၊ ရုံးအဖွဲ့မှူး ဒေါ်လဲ့လဲ့ဝင်း၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းဌေး၊ ဟင်္သာတခရိုင် တရားသူကြီး ဦးညီညီအေးနှင့် မြို့နယ် တရားသူကြီး ဒေါ်မျိုးမာလာခင်တို့ လိုက်ပါလျက် ယနေ့နံနက် ၈ နာရီက ဟင်္သာတအကျဉ်းထောင်နှင့်မြို့မရဲစခန်း အချုပ်ခန်းတို့ကိုကြည့်ရှုစစ်ဆေးသည်။
Aug 14,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် မျိုးစေ့ထုတ်လုပ်ငန်း Rs-Cs(၈၀)ဧက စိုက်ပျိုးမည့် တောင်သူ များအား စိုက်ပျိုးထုတ်လုပ်မှုစရိတ် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁နာရီတွင် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ထောက်ပံ့ပေး အပ်ခဲ့သည်။
Aug 14,2020
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Aug 14,2020
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်း ကော်မတီနှင့်‌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။