အမြို့မြို့အနယ်နယ်သတင်းများ

Mar 22,2026
RUN derful  Myanmar အပြေးအားကစားအဖွဲ့နှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အားကစားသမားဟောင်းများ လူမှုရေးအသင်းတို့ ပူးပေါင်းကျင်းပသည့် KBZ Community 10-mile Run 2026 ပြိုင်ပွဲကို ယမန်နေ့နံနက် (၄) နာရီက ရန်ကုန်မြို့၊ သဃ်န်းကျွန်းမြို့နယ်၊ ဝေယဇန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏတွင်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Mar 22,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက နွေရာသီကာလ ကလေးများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် အားကစားကို ပိုမိုစိတ်ဝင်စားလာစေရန်တို့အတွက် ရည်ရွယ်ဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများကို တွံတေးမြို့မ ဘောလုံးကွင်းနှင် (ခ)အဆင့် အားကစားရုံတို့တွင် သက်ဆိုင်ရာ အားကစားရုံများ၌ နေ့စဉ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Mar 22,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် နွေရာသီအခြေခံအားကစာသင်တန်းများဆင်းပွဲကို  မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Mar 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ လူငယ်မောင်မယ်များ ကျန်းမာကြံ့ခိုင်စေရန်နှင့် ဘောလုံးအားကစားနည်းကို စနစ်တကျ တတ်မြောက်စေရန် ရည်ရွယ်သည့် နွေရာသီ အခြေခံဘောလုံး အားကစားသင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 22,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ် နွေသီးနှံစိုက်ပျိုးသည့် တောင်သူများအား ဓာတ်မြေသြဇာစုပေါင်းရောင်းချခြင်းနှင့် ရွက်ဖျန်းအားဆေး၊ မျိုးစေ့များ အခမဲ့ထောက်ပံ့ပေးခြင်း၊  သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိစေရန်ရည်ရွယ်၍ ပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကန်ကွေ့ကျေးရွာအခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။
Mar 22,2026
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပညာတံခွန်လူငယ်ဖွံဖြိုးရေး ပရဟိတကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော မြန်မာ့ရိုးရာသိုင်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၃၈)ရပ်ကွက်ရှိ ပညာတံခွန်လူငယ်ဖွံဖြိုးရေး ပရဟိတကျောင်း၌ ယမန်နေ့မွန်းလွဲ (၃) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Mar 22,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလ ကျောင်းသား၊ကျောင်းသူများ ယဥ်‌ကျေးလိမ္မာမှုရှိစေရန်၊ ဗုဒ္ဓတရားတော်များကို အခြေခံမှစ သိရှိနားလည်စေရန် ရည်ရွယ်၍ ယဥ်ကျေးလိမ္မာသင်တန်းကို မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် ၁၀ နာရီတွင် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။