အမြို့မြို့အနယ်နယ်သတင်းများ

Apr 24,2026
ယာဥ်အန္တရာယ်ဖြစ်ပွားမှုလျော့နည်းစေရန် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ယာဥ်ထိန်းရဲတပ်ဖွဲ့မှကြီးမှူး၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးခြင်းနှင့် ယာဥ်လမ်းကြောများ မှန်ကန်စွာမောင်းနှင်စေရန် အရှိန်အဟုန်မြှင့်တင်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၈) နာရီက ရန်ကုန်-ပုသိမ်လမ်းမကြီး နည်းပညာတက္ကသိုလ်ဝင်ပေါက်အနီးတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။
Apr 24,2026
ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ရက် (၁၀၀) အတွင်း လုပ်ငန်းရှင် (၁၀၀) ပေါ်ထွက်လာ‌ရေးစီမံချက်အဖြစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီ အချိန်တွင်အမှတ် (၂၂) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ မေတ္တာသီတဂူမိန်းကလေး (ပရဟိတ) သီလရှင်ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
Apr 24,2026
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံ ပြုပြင်ထိန်းသိမ်းနေစဉ်ကာလအတွင်း ပြည်သူများ ရေ၊ မီးအခက်အခဲဖြစ်ပေါ်မှု လျော့နည်းသက်သာစေရေး စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိသည့်အပြင် စက်သုံးဆီများလိုအပ်ချက်များကို ဖြည့်ဆည်း‌ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၂၃ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ပေါ် ဘုန်းတော်ကြီးကျောင်းများသို့ စက်သုံးဆီများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
Apr 24,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပွေးပြတ်ကျေးရွာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ နိုင်ငံတော်၏ ရက် (၁၀၀) စီမံကိန်း လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအတွက် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 24,2026
၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ချင်းပြည်နယ်၏ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ဧပြီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
Apr 24,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အသက်(၁၀)နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား ပြည်သူ့အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ဧပြီ ၂၃ ရက်နေ့မွန်းလွဲ(၂)နာရီအချိန်က ဒေးဒရဲမြို့နယ်၊ မငေးကလေးကျေးရွာအုပ်စု၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။