အမြို့မြို့အနယ်နယ်သတင်းများ

Apr 24,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် အပတ်စဥ်သောကြာ နေ့တိုင်း သက်ကြီးဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်ပေးခြင်းကို ဧ​​ပြီလ (၂၄) ရက်နေ့နံနက် (၈) နာရီမှ (၁၂)နာရီထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Apr 24,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူကြသော အငြိမ်းစားဝန်ထမ်းများအား ဧပြီ ၂၃ ရက်နေ့နံနက်(၈)နာရီအချိန်က မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တို့က ကြီးကြပ်မှုဖြင့် ဆီနှင့် ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
Apr 24,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း Book Club, Women Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ခင်မောင်အေး(မွေး/ရေ) ရေးသားသော “ရင်ကိုယ်ထိဆဲလှိုင်းခတ်သံစာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်သည်။
Apr 24,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် ယနေ့နံနက်ပိုင်းက မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကင်းရှင်းရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
Apr 24,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ပတ်၀န်းကျင်သန့်ရှင်းစေရေးအတွက် မြို့နယ်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့မှကြီးကြပ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက သုဓမ္မာလမ်း (ခေမာသီလမ်းမှ ဘုန်းကြီးလမ်းအထိ ယမန်နေ့ နံနက် ၇ နာရီ အချိန် စုပေါင်းသန့်ရှင်းရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Apr 24,2026
FIFA FOOTBALL FOR SCHOOL PROGRAM ‌ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပရာ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုဌေး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အတွင်းရေးမှူး ဦးထွန်းထွန်းအောင်က Video Conferencing စနစ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိပုဂ္ဂိုလ်များက In person စနစ်ဖြင့် လည်းကောင်း တက်ရောက် ခဲ့ကြသည်။
Apr 24,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အသက် (၁၀) နှစ်ပြည့်ပြီးသူများအား ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ် (၉) ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
Apr 24,2026
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရက်ပေါင်း ၁၀၀ ကာလအတွင်း ကချင်ပြည်နယ်အတွင်းရှိ မြို့ပြများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွား မည့် Quick Win  လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်က ယမန်နေ့မွန်းလွဲပိုင်းတွင် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးခဲ့သည်။