Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သဲကုန်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင် ပွဲနှင့် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲကျင်းပ
Jun 07,2026
၂၀၂၆ ခုနှစ် ဇူလိုင်လ (၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စာစီစာကုံးပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့နယ်တွင်ရွေးမေတ္တာ ဆိပ်ခံတံတားဖွင့်ပွဲကျင်းပ
Jun 07,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ စိန်ရတုလမ်းနှင့်ရာပြည့်လမ်းထောင့်တွင် ရွေးမေတ္တာဆိပ်ခံတံတားဖွင့်ပွဲ အခမ်းအနားကိုယနေ့ နံနက် ၇ နာရီ ၂၀ မိနစ် အချိန်တွင်ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်၌ ဒေသကြက်ကောင်ရေ ၈၀ အား လည်လိမ်ရောဂါကာကွယ်ဆေး တိုက်ကျွေး
Jun 07,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ဒေသကြက်မွေးမြူရေးခြံများသို့ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ကော့မှူးတွင်အမြင်မတင့်တယ်သောဆက်သွယ်ရေး Wi-Fi ကြိုးနှင့်လျှပ်စစ်ကြိုးများစနစ်တကျရှိစေရေးဆောင်ရွက်
Jun 07,2026
အစိုးရသစ်ရက်(၁၀၀)စီမံချက်ကာလအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်း၏ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်း မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် မြန်မာ့ဆက်သွယ်ရေး (အော်တိုအိတ်ချိန်း)တို့ပူးပေါင်း၍ အမြင်မတင့်တယ်သော ဆက်သွယ်ရေး Wi-Fi ကြိုးများနှင့်လျှပ်စစ်ကြိုးများ စနစ်တကျရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာများ၌ဆောင်ရွက်နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့၌ ရက် ၁၀၀ စီမံချက်ဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၂ လုံးအား မီးခလုတ်နှိပ်၍ ဓာတ်အားပို့လွှတ်ပေး
Jun 07,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း မန္တလေးလျှပ်စစ်ဓါတ်အားပေး ကော်ပိုရေးရှင်းမှ အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူများ လျှပ်စစ်ဓါတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ရွာနိုင်ရပ်ကွက်လမ်းဆုံတွင် တည်ဆောက်ခဲ့သည့် ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးနှင့် အုန်းပင်ခြံကျေးရွာလမ်းဆုံတွင် တည်ဆောက်ခဲ့သည့် ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးတို့အား ယမန်နေ့ နံနက် ၉ နာရီမှစ၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတိုက်ကြည်တို့က မီးခလုပ်နှိပ်၍ လျှပ်စစ်ဓါတ်အား ပို့လွှတ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်၌ သဘာဝမြေဩဇာဘိုင်အိုချာထုတ်လုပ်နည်းလက်တွေ့ပြသခြင်းပြုလုပ်
Jun 07,2026
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးဝင်းအတွင်း၌ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား သဘာဝမြေဩဇာဘိုင်အိုချာထုတ်လုပ်နည်းလက်တွေ့ပြသခြင်းကို ဇွန် ၇ ရက်၊ နံနက် ၈ နာရီခွဲက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အဖျောက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းဆောင်ရွက်
Jun 07,2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၌ မိုးရာသီတွင်အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို ကျောင်းသား၊ ကျောင်းသူများ သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်၌ ပညာသင်ကြားခွင့်ရရှိရေး ကျောင်းသန့်ရှင်းသာယာရေး…
Jun 07,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီက မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မကွေးမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းသို့သွား ရောက်ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
46
Page
47
Page
48
Page
49
Current page
50
Page
51
Page
52
Page
53
Page
54
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department