ရှမ်းပြည်နယ်

မိုင်းပန်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နေ့လယ် ၁ နာရီက ကျင်းပသည်။

လဲချားမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ အသက်(၁၈)နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက လူစည်ကားရာနေရာဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးနှင့် မြို့မစျေးတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ် လွိုင်မွေဒေသ ချယ်ရီပန်းပွဲတော် ကျင်းပမည်

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ပူးပေါင်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ယင်းဒေသရှိ ချယ်ရီပန်းများ ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ချယ်ရီပန်းပွဲတော်(ပဥ္စမအကြိမ်)ကို ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ လွိုင်မွေတောင်စခန်း စတုရဋ္ဌသုမင်္ဂလာစေတီတော်အနီး ချယ်ရီပင်တန်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယနေ့နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပကြောင်း သိရသည်။

ကာလိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနမှ မြေပြင်ကွင်းဆင်း စစ်ဆေး

ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ရှိ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းမျာက မြို့ပေါ်ရပ်ကွက်များတွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ရပ်စောက်မြို့၊ မြို့မဈေးအတွင်း၌ ‌မီးဘေးကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် မြို့မဈေးအတွင်း၌ မီးငြှိမ်းသတ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၁ နာရီက ရပ်စောက်မြို့၊ မြို့မဈေးအတွင်းတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊ ဈေးသူ/ဈေးသားများ စုပေါင်း၍ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

နောင်တရားမြို့ ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးစီမံကိန်းသို့ တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင်(NNCC) ဒုတိယအတွင်းရေးမှူးချုပ် Mr. ZHAO Zhongchen လာရောက်လေ့လာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် လွယ်မောကျေးရွာအုပ်စု၊ စိန်ပန်းကျေးရွာ၌ မယ့်ဖားလုံဖောင်ဒေးရှင်းမှ ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးစီမံကိန်းအဖြစ်ဆောင်ရွက်နေသည့် ကော်ဖီစိုက်ပျိုးရေးခြံသို့ မြန်မာနိုင်ငံမူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့(CCDAC) တွဲဖက်အတွင်းရေးမှူး ရဲမှူးချုပ် သန့်လွင်မောင်နှင့် တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင်(NNCC) ဒုတိယအတွင်းရေးမှူးချုပ် Mr. ZHAO Zhongchen နှင့် အဖွဲ့ဝင်များ ယနေ့နံနက်ပိုင်းတွင်း လာရောက်လေ့လာသည်။

ကွန်ဟိန်းမြို့၌ “ဒို့အတူတူ မဲပေးကြမယ်”လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရန်ရည်ရွယ်၍ "ဒို့အတူတူ မဲပေးကြမယ်"လက်ကမ်းစာစောင်များကို ယနေ့ နံနက် (၇)နာရီက စုပေါင်းတံတားဂိတ်တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။ 

မူဆယ်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ အလုပ်သမားအများစုရှိသော နေရာများသို့ ကွင်းဆင်း၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ လှုံ့ဆော်ရေး အသိပညာပေး ပိုစတာအား ပြည်သူများ သိရှိစေရန်ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ဒီဇင်ဘာလ ၂၈ ရက်‌နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူများ မဲပေးနိုင်ရေးအတွက် လှုံ့ဆော်ရေး ပိုစတာအား ပြည်သူများသိရှိစေရန်နှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်