ကျိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကျောင်းပိတ်ရက် (အခမဲ့) အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ရက် (အခမဲ့) အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကို ယမန်နေ့က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပသည်။