ရှမ်းပြည်နယ်

ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေသည် ဒီဇင်ဘာလ ၁၃ ရက်နေ့က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Zoom Meeting ဖြင့် တက်ရောက်ခဲ့သည်။

မိုင်းရယ်မြို့တွင် ဒီဇင်ဘာလ (ဒုတိယအပတ်)လူထုလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများပါဝင်သည့် စုပေါင်းအဖွဲ့သည် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်သန်စွမ်းစေရေးအတွက် ဒီဇင်ဘာလ(ဒုတိယအပတ်) လူထု စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၅ နာရီက မိုင်းရယ်မြို့၌ ကျင်းပခဲ့သည်။

လားရှိုးမြို့တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် လားရှိုးမြို့တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ယမန်‌နေ့က အမှတ်(၂၄) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်​(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလ အထိမ်းအမှတ်ပိုက်ကျော်ခြင်းပြိုင်ပွဲ (ဗိုလ်လုပွဲ)နှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီ ၃၀ မိနစ် အချိန်က နောင်ချိုမြို့နယ် လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

မူဆယ်မြို့တွင် ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဖလားကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလားကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကို မူဆယ်မြို့ မိုးလုံလေလုံ အားကစားခန်းမတွင် ဒီဇင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ပင်လုံမြို့၌ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်းကို မီးသတ်ဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနတို့ပူးပေါင်း၍ ဒီဇင်ဘာ ၁၂ ရက်က ပင်လုံမြို့ဌာနဆိုင်ရာရုံးများနှင့် မြို့မစျေး၌ဆောင်ရွက်ခဲ့သည်။

မူဆယ်မြို့တွင် ASIAN THEOLOGICAL BIBLE SEMINARY မြန်မာပြည်၏ ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ASIAN THEOLOGICAL BIBLE SEMINARY မြန်မာပြည်၏ ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက်က  မူဆယ်မြို့၊ FGA အသင်းတော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ “ဒို့အတူတူ မဲပေးကြမယ်” မြေစိုက်ပိုစတာစိုက်ထူ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူတစ်ရပ်လုံးပါဝင်မဲပေးနိုင်ရေးတို့အတွက် ဒို့အတူ တူမဲပေးကြမယ် ရွေးကောက်ပွဲလှုံ့ဆော်မှုများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၂ ရက်က “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို ပြည်သူ့ဆေးရုံ ရှေ့လမ်းဆုံ၌ စိုက်ထူခဲ့ကြောင်း သိရသည်။

ကလောမြို့နယ်၌ “ဒို့အတူတူမဲပေးကြမည်” လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲမေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု “ဒို့အတူတူမဲပေးကြမည်” လက်ကမ်းစာစောင်များအား  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဒီဇင်ဘာလ ၁၃ ရက်နေ့နံနက်  ၈ နာရီခွဲက  ကလောမြို့မစျေးအတွင်းနှင့် လူစည်ကားသည့်နေရာများ၌  လိုက်လံ ဖြန့်ဝေခဲ့သည်။

ကျိုင်းတုံမြို့၌ “ဒို့အတူမဲပေးကြမယ်” မြေစိုက်ပိုစတာ (Bill board) စိုက်ထူ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌  ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် “ဒို့အတူမဲပေးကြမယ်” မြေစိုက်ပိုစတာ (Billboard) စိုက်ထူပွဲကို ယနေ့နံနက် (၉)နာရီက လူစည်ကားရာ မြို့မဈေးကြီးရှေ့၊ ကျိုင်းတုံ-တောင်ကြီး လမ်းမကြီးဘေးတွင် စိုက်ထူကြသည်။
Subscribe to ရှမ်းပြည်နယ်