ရန်ကုန်တိုင်းဒေသကြီး

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ယာဥ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဥ်ကြောလမ်းကြောများ မပိတ်ဆို့စေရန် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့်တင်နေ့စဥ် ဆောင်ရွက်လျက်ရှိ

ယာဥ်အန္တရာယ်ဖြစ်ပွားမှုလျော့နည်းစေရန်နှင့် ယာဥ်ကြောများ ပိတ်ဆို့မှုမရှိစေရန် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးခြင်းများကို သြဂုတ် ၅ ရက်နေ့ နံနက်ပိုင်းက လှိုင်သာယာ(အနောက်ပိုင်း) အမှတ်(၈)အ.ထ.က ကျောင်းရှေ့တွင် ကွင်းဆင်းဆောင်ရွက်ကြသည်။

မင်္ဂလာဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးနိုင်ရေး မြေပြင်ကွင်းဆင်းဆောင်ရွက်

လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ မင်္ဂလာဒုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦးသန်းလွင်စိုးနှင့် ဝန်ထမ်းများသည် ချစ်တီးကုန်းရပ်ကွက်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ယနေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ကိုကိုးကျွန်းမြို့နယ်တွင် အခြေခံစားသောက်ကုန်စျေးနှုန်းများ အပတ်စဉ်ပုံမှန်စစ်ဆေးခြင်း ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်း ကုန်စျေးနှုန်းတည်ငြိမ်စေရေးနှင့် မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ထိန်းချုပ်ရေးကော်မတီမှ သတ်မှတ်ပေးထားသော နှုန်းထားများအတိုင်း‌ ရောင်းချခြင်းရှိမရှိ စစ်ဆေးခြင်းကို ဩဂုတ် ၅ ရက် နံနက်ပိုင်းက ပုံမှန်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန (Community Centre)ခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန (Community-Centre)ခန်းမတွင် ဩဂုတ် ၄ ရက် နံနက်(၁၁)နာရီအချိန်တွင် ကဗျာရွတ်ဆိုပြိုင်ပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်၌ အင်္ဂလုံးကျေးရွာ အ-မ-ကကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က အင်္ဂလုံးကျေးရွာ အ-မ-ကကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၈/၂ဝ၂၅) ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၏ (၈/၂ဝ၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၅ ရက် နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့သည်။

ဒေါပုံမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်သွားလာရေးနှင့် ပါဝါအိတ်ဇောတပ်မော်တော်ယာဉ်များ မောင်းနှင်သွားလာမှုမရှိစေရေး စစ်ဆေးဆောင်ရွက်

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အများပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးနှင့် ဆူညံသံများကြောင့် နှောင့်ယှက်မှုမရှိစေရေးအတွက် ဩဂုတ် ၄ ရက်နေ့က စတင်ကာ ယမုံနာလမ်းမကြီးပေါ်ရှိ မြို့မရဲစခန်း‌အရှေ့ဘက်တွင် တာ၀န်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မှော်ဘီမြို့နယ်၌ ကျန်းမာရေးပညာပေးခြင်းနှင့် အာဟာရအုပ်စု သုံးအုပ်စုပါဝင်အောင် ချက်ပြုတ်နည်းပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ-ထ-က(၂)ကျောင်း၌ ကျန်းမာရေးပညာပေးခြင်းနှင့် အာဟာရအုပ်စုသုံးအုပ်စုပါဝင်အောင် ပြင်ဆင်ချက်ပြုတ်နည်းပြိုင်ပွဲကို ဩဂုတ် ၄ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မှော်ဘီမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင် မှော်ဘီမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်၊ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ရဲစုကျေးရွာ(မြောက်ပိုင်း)ကျေးရွာတွင်း လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ဩဂုတ် ၄ ရက်နေ့ နေ့လယ်အချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ်၊ သာသနာ့အောင်ဗိမာန် (သဲအင်းဂူ) ကျောင်းတိုက်၌ (၇၆) ကြိမ်မြောက်ဝါတွင်းကာလ ခုနစ်ရက်တရားစခန်းပွဲကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အမှတ် (၄) ရပ်ကွက်ရိပ်သာလမ်းရှိ သာသနာ့အောင်ဗိမာန် (သဲအင်းဂူ) ကျောင်းတိုက်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဝါတွင်းကာလ (၇၆) ကြိမ်မြောက် (သဲအင်းဂူ) ခုနစ်ရက်တရားစခန်းပွဲကို (ဩဂုတ် ၉ ရက်မှ ၁၅ ရက်) ထိ ကျင်းပမည်ဟု သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး