အမရပူရမြိုနယ် ရတနာပုံတက္ကသိုလ်၌ တိုက်ကွမ်ဒိုသင်တန်းဆင်းပွဲနှင့် သရုပ်ပြပွဲကျင်းပ
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန၊ အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ် အားကစားခန်းမ-၁ ၌ တိုက်ကွမ်ဒိုသင်တန်းဆင်းပွဲနှင့် သရုပ်ပြပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပရာ ပါမောက္ခ(ဌာနမှူး)များ၊ တိုက်ကွမ်ဒို အားကစားဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်မျိုးထွန်းနှင့် ကော်မတီဝင်များ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် နည်းစနစ်ကော်မတီ ဒုဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တိုက်ကွမ်ဒိုဆပ်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးမြကြိုင်နှင့် သင်တန်းနည်းပြဆရာများ၊ တိုက်ကွမ်ဒိုသင်တန်းသားများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။