မန္တလေးတိုင်းဒေသကြီး

တံတားဦးမြို့နယ်တွင် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် တိုင်ဖွန်းမုန်တိုင်း “ကာဂျီကီ”၏ အကြွင်းအကျန်များသည် မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်လာနိုင်သဖြင့် ယာဉ်၊ လှေ၊ လိုအပ်သည့် ဆက်စပ်ပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များ၊ အသင့်စုဖွဲ့ထား၍ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် ကြိုတင်လေ့ကျင့်ပြင်ဆင်စုဖွဲ့မှုများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနတွင်  ပြုလုပ်ကြောင်း သိရသည်။

ညောင်ဦးခရိုင်တွင် ဒီဂျစ်တယ်အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ညောင်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေအစီအစဉ်နှင့် အသေးစားထုတ်ကုန်လုပ်ငန်းရှင် (၂၀) ဦးကို ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့်အလေ့အကျင့်ဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ကျောက်ဆည်ခရိုင်အတွင်း စိုက်ပျိုးရေပေးဝေနေမှု၊ သံရွာပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် သံရွာပြည်သူ့ဆေးရုံသို့  ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများလိုက်ပါပြီး ဩဂုတ်၂၈ရက် နံနက်ပိုင်းက ကျောက်ဆည်ခရိုင်အတွင်း စိုက်ပျိုးရေပေးဝေနေမှု၊ သံရွာပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် သံရွာပြည်သူ့ဆေးရုံသို့ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်သည်။

ပျော်ဘွယ်မြို့နယ်တွင် မဲပေးစက်အကြောင်း အသိပညာပေးရှင်းလင်းပွဲ ကျင်းပ

ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးဆောင်၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲဆန္ဒရှင်ပြည်သူများသို့ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဩဂုတ်လ (၂၈) ရက်၊ မွန်းလွဲ (၁) နာရီခွဲက အမှတ် (၇၁) သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် အစည်းအဝေးခန်းမတွင် ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်   မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ သို့ တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် ရန်ကုန်မြို့တွင်ကျင်းပသည့် မြန်မာ့အနာဂတ် မျက်နှာစာ လူငယ်မဟာ ဗျူဟာဖိုရမ်-၂၀၂၅ သို့ တက်ရောက်မည့် တိုင်းဒေသကြီးအတွင်းမှ လူငယ်ကိုယ်စားလှယ်များအား ဩဂုတ်၂၈ရက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံ သည်။

ပြည်ကြီးတံခွန်မြို့နယ် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုအဖွဲ့မှ ကြီးမှူး၍ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

ကျောက်ပန်းတောင်းတပ်နယ်နှင့် သာယာအေးရပ်ကွက်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးမှုဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသည် ကြီးကြပ်ရေးအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက်၊ ကုန်ကျစရိတ်သက်သာပြီး လွယ်ကူရိုးရှင်း၍ အချိန်ကုန်သက်သာသည့် အပြင်၊ ယုံကြည်စိတ်ချရမှု အပြည့်အဝရှိသော မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနားလည်စေရန်၊ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ရပ်ကွက်/ ကျေးရွာအုပ်စုများနှင့် နယ်မြေခံတပ်နယ်များတွင် ကွင်းဆင်း ဆောင်ရွက်လျှက်ရှိရာ၊ ဩဂုတ် (၂၈)ရက်နေ့ နံနက် (၉) နာရီက ကျောက်ပန်းတောင်း တပ်နယ်ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာများမှ တောင်သူများ တစ်နှစ်လျှင် ပြောင်းဖူး လေးကြိမ်ထိ စိုက်ပျိုးရောင်းချ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုမှ ပြောင်းဖူးစိုက်ပျိုး တောင်သူမျာတစ်နှစ်ပတ်လုံး ပြောင်းဖူး လေးကြိမ်ထိ စိုက်ပျိုးရောင်းချကြခြင်းဖြင့် တွက်ခြေကိုက်လျက်ရှိကြောင်း သိရသည်။

ပြင်ဦးလွင်မြို့ရှိ  အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့တွင်  ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှကြီးမှူး၍  ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး အသိပညာပေးဟောပြာပွဲကို   ဩဂုတ် ၂၇ ရက် မွန်းလွဲ ၁ နာရီကအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမ၌ ကျင်းပသည်။

မြစ်သားမြို့နယ် ကင်းတားရေလှောင်တမံ ကန်ရေပြည့်မှတ် ၁၀ ဒသမ ၄၈ပေကျန်ရှိ၊ ရေပမာဏ ၁၀၄၄၄၈ ဧကပေ ထပ်မံသိုလှောင်နိုင်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကံဆည်ကျေးရွာအုပ်စုအနီးရှိ ကင်းတားရေလှောင်တမံအား ယနေ့မွန်းလွဲပိုင်း တိုင်းထွာချက်အရ လက်ရှိရေပမာဏ ၇၆၉၁၃၂ ဧကပေရှိပြီး ရေအမှတ် (အမြင့်ပေ) ၆၆၉.၅၂ ပေ ရှိကာ ကန်ရေပြည့်မှတ်သို့ ရောက်ရှိရန် ၁၀ ဒသမ ၄၈ပေ၊ ထပ်မံသိုလှောင်နိုင်မည့် ရေပမာဏ ၁၀၄၄၄၈ ဧကပေကျန်ရှိကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး