မြစ်သားမြို့နယ်တွင် မိုးစပါး ၂၈၁ ဧက အတွက် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ဆက်လက်ထုတ်ချေး
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ ၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါး ၂၈၁ ဧကအတွက် ကျွဲတပ်ကျေးရွာအုပ်စုနှင့် ကုက္ကိုစု ကျေးရွာအုပ်စုတို့ရှိ တောင်သူလယ်သမားများအား ယနေ့နံနက် ၉ နာရီခွဲက စိုက်ပျိုးစရိတ်များ ဆက်လက်ထုတ်ချေးပေးသည်။