မြောင်းမြတွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက တာဝန်ရှိသူများက အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ကျုံသွတ်ကျေးရွာအုပ်စု၊ ချောင်းလေးကျေးရွာ၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။