စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းမြို့တွင် အခြေခံစက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးနှင့် အမျိုးသမီးများအတွက် အလုပ် အကိုင်အခွင့်အလမ်းရရှိစေရေးရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီးဘဏ္ဍာ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းက ရွာထောင်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။

နာဂဒေသလဟယ်မြို့၌ နာဂဦးစီးအဖွဲ့နှင့်ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင်နာဂဒေသ ဦးစီးအဖွဲ့ဝင်များနှင့်ဒေသအဆင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကိုယနေ့ နံနက် ၁၀ နာရီအချိန် နာဂဒေသဦးစီးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။

စစ်ကိုင်းမြို့တွင် အခြေခံစက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးနှင့် အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘဏ္ဍာ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရွာထောင်ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ ကျင်းပသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၆-၂၀‌၂၇ ခုနှစ်၊ မိုးရာသီ၌ ပဲတီစိမ်း ဧက ၃၆၀၀ ကျော်လျာထားစိုက်ပျိုးမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးရာသီ၌ ပဲတီစိမ်း ဧက ၃၆၀၀ ကျော် လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တမူးမြို့၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တမူးမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းထုတ်ပေးခြင်းကို ဇွန်လ ၈ ရက်နေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကဘော်ခန်းမ၌ ဆောင်ရွက်ပေးခဲ့‌ကြောင်းသိရသည်။

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မော်လိုက်မြို့၌ Grade-12 ကျောင်းသား/ ကျောင်းသူများအား စာရေးကိရိယာများ ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ မော်လိုက်ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ Grade-12 တက်ရောက်နေသည့် ကျောင်းသား/ ကျောင်းသူများကို စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန်လ (၈) ရက်နေ့ နံနက် (၁၁) နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင်ဆောင်ရွက်ခဲ့ကြသည်။

စစ်ကိုင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

ဥပဒေရေးရာဝန်ကြီးဌာန၊ မဟာဗျူဟာစီမံကိန်း ၂၀၂၅-၂၀၂၉ ၏ ရည်မှန်းချက်ပန်းတိုင် ၄ အရ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုအတွက် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းဟူသည့် ရည်မှန်းချက်နှင့်အညီ စစ်ကိုင်းမြို့နယ် ဥပဒေရုံးမှကြီးမှူး၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပတ္တမြားရပ်ကွက် စစ်ကိုင်းစက်မှုဇုန်၌ ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ရှိ အားကစားကွင်းများ၊ လေ့ကျင့်ရေးအားကစားရုံများ ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ဇွန်လ ၈ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းသို့ ရောက်ရှိရာ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားရုံ၊ ဘောလုံးကွင်း၊ တင်းနစ်၊ ဖူဆယ်အားကစားရုံနှင့် ကာယဗလနှင့်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေးအားကစားရုံ အဆောက်အဦများ ထိန်းသိမ်းဆောင်ရွက်ထားရှိမှုများအား လိုက်လံရှင်းလင်းပြသသည်။

ဖောင်းပြင်မြို့နယ်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ သင်ကြားမည့် ဘာသာရပ်များနှင့် ပတ်သက်၍ စည်းရုံးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ သင်ကြားမည့်ဘာသာရပ်များနှင့်ပတ်သက်၍ စည်းရုံးဟောပြောပွဲကို ဇွန် ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဖောင်းပြင်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး