မကွေးမြို့၊ အ.ထ.က(၄)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်၊ လူရွယ်ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ အားကစားသရုပ်ပြပွဲများကို အ.ထ.က(၄)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက် (၁၀)နာရီခွဲက ကျင်းပခဲ့သည်။