မကွေးတိုင်းဒေသကြီး

စေတုတ္တရာမြို့နယ်တွင်  နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားပေးအပ်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၁၆ ရက်နေ့ နံနက် (၁၀) နာရီအချိန်က အောက်ပုံကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ကံမမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဇွန်လ ၁၆ ရက်နေ့ နေ့လယ် (၂) နာရီက ကျင်းပပြုလုပ်ရာ  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်၌ မြန်မာအမျိုးများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အမျိုးသမီးရေးရာအဖွဲ့က ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသမီးများအတွက် ဥပဒေကြောင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇွန် ၁၆ ရက်၊ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင်တင်ရေး နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (တမာပင်) တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆင်ပေါင်ဝဲမြို့၌ ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ဆင်ပေါင်ဝဲမြို့ အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဇွန် ၁၆ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ရတနာမော်ကွန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ ကျေးလက်ဒေသ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး စီမံချက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့က ဦးဆောင်ပြီး ကျေးလက်ဒေသအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး စီမံချက်လုပ်ငန်းများကို ဇွန် ၁၆ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်၌ အသက်၅လမှ ၂နှစ်အတွင်း ကလေးငယ်များအား ကာကွယ်ဆေးများထိုးနှံတိုက်ကျွေး 

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  စလင်းမြို့နယ်၌  အသက်၅လမှ၂နှစ်အတွင်း ကလေးငယ်များ ကျန်းမာသန်စွမ်းပြီး ကူးစက်ရောဂါကင်းဝေးစေရန်အတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း  လုပ်ငန်းများကို  ကျန်းမာရေးဝန်ထမ်းများက ဇွန် ၁၇ ရက်နံနက် ၉နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးရုံးတွင်  လစဥ်ပုံမှန်ထိုးနှံခြင်းများ  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ်၌  ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါ  ၂၂၆၂ ဧက လျာထားစိုက်ပျိုးမည်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါ ၂၂၆၂ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့သစ်မြို့နယ်တွင် ကျောင်းပြင်ပရောက်ရှိနေသော ကျောင်းသားကျောင်းသူများအတွက် အထူးစာမေးပွဲများ ဆက်လက်ဖြေဆို

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစတင်၍ အကြောင်း အမျိုးမျိုးကြောင့်ပညာသင်ကြားနိုင်ခြင်းမရှိဘဲ ကျောင်းပြင်ပရောက်ရှိနေသော  အခြေခံပညာအဆင့် Grade -1  မှ   Grade -8  အထိကျောင်းသားကျောင်းသူများအတွက် Placement Test  (အထူးအစီအစဉ်) စာမေးပွဲများဖြေဆိုခြင်းကို    ဇွန် ၁၅ ရက်ကစတင်၍    အမှတ်(၁)  အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသားကျောင်းသူများဝင်ရောက်ဖြေဆို လျက်ရှိရာ ယနေ့တွင် တတိယမြောက်နေ့အဖြစ် ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

သရက်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်မြို့နယ်ဦးစီးမှူးရုံးမှ လမင်းစီမံချက်ဖြင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက် ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
Subscribe to မကွေးတိုင်းဒေသကြီး