မကွေးတိုင်းဒေသကြီး

မြို့သစ်မြို့နယ်မှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါများ(အခမဲ့) စမ်းသပ်ကုသပေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့ဆေးကုသပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက မြို့သစ်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံဝင်းအတွင်း “သံဃာတော်များ ဆေးကုသဆောင်”၌ ဆောင်ရွက်ခဲ့သည်။

ပခုက္ကူမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ရက်များကို အကျိုးရှိရှိအသုံးချတတ်စေရေး သင်တန်းအမျိုးအစားပေါင်း ၁၅ မျိုး ဆက်လက်သင်ကြားလေ့ကျင့်ပေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီအားလပ်ရက်များကို အကျိုးရှိရှိအသုံးချတတ်စေရန်ရည်ရွယ်၍ နွေရာသီသင်တန်းအမျိုးအစားပေါင်း ၁၅ မျိုးကို မတ်လ ၅ ရက်မှ စတင်ပြီး စနစ်တကျသင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစမ်းသပ်စစ်‌ဆေးကုသပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို‌ ယနေ့နံနက်(၁၀)နာရီခွဲက စေတုတ္တရာမြို့နယ် မိခင်နှင့်က‌လေးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့ အရှေ့ပိုင်းရပ်ကွက်ရှိ အောင်သိဒ္ဓိကျောင်းတိုက် ဘဝမဏ္ဍိုင်သာသနာပြုဖောင်ဒေးရှင်းမှ ကြီးမှူးကျင်းပသော ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဆင်းပွဲနှင့် ဆုချီမြှင့်ခြင်း အခမ်းအနားကို မတ် ၂၅ ရက်၊ နံနက်ပိုင်းက အဆိုပါ ကျောင်းတိုက်တွင် ကျင်းပသည်။

မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၌ ဝန်ထမ်းများအား မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြသခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ဝန်ထမ်းများအား မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် လက်‌တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြသခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃)နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးဝန်းအတွင်း ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမျိုးလှိုင်၊ မကွေးတိုင်းဒေသကြီး၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ညွန်ကြား‌ရေးမှူး ဦး‌စောနိုင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း (၁၀၀)ကျော် တက်ရောက်ခဲ့သည်။

နတ်မောက်မြို့၌ အခြေခံပညာကျောင်းများတွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေးသင်တန်း ဖွင့်လှစ်ပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများ၏ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေစွာနေထိုင်တက်စေရန် ရည်ရွယ်၍ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးရေးသင်တန်းကို မတ် ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မင်းဘူးမြို့၌  စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး (MHPSS) မြို့နယ်အဆင့် ဆွေးနွေး

မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး၏ လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး (MHPSS) မြို့နယ်အဆင့် ဆင့်ပွားဆွေးနွေးပွဲအခမ်းအနားကို ယမန်‌နေ့နံနက် ၉ နာရီက မင်းဘူးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ပခုက္ကူမြို့နယ်အဆင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးရေး ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် အခြေခံပညာကျောင်းအဆင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးရေး ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း(မြစ်ကိုင်း)၌ ဖွင့်လှစ်ပို့ချသည်။

စေတုတ္တရာမြို့နယ်တွင် ပင်မလျှပ်စစ်ဓာတ်အားပေး (ခွဲရုံ) အား မီးဘေးလုံခြုံရေးစစ်‌ဆေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မီးသတ်ဦးစီးဌာနသည် ပွင့်လင်းရာသီကာလအတွင်း မီးလောင်၊မီးလန့်မှုများမဖြစ်ပွားမပေါ်‌ပေါက်စေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ပင်မလျှပ်စစ်ဓာတ်အားပေးခွဲရုံတွင် မီး‌ဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများကို ယနေ့နံနက်ပိုင်းက‌ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့သည်။

ငဖဲမြို့နယ်၌  စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး (MHPSS) မြို့နယ်အဆင့် ဆင့်ပွားဆွေးနွေးပွဲ ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး၏ လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့်စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး (MHPSS) မြို့နယ်အဆင့် ဆင့်ပွားဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ကျင်းပပြုလုပ်သည်။
Subscribe to မကွေးတိုင်းဒေသကြီး