ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ ဝင်ငွေတိုးပွားစေရန် စားဖိုဆောင်သီးနှံများ အားထားစိုက်ပျိုး
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မုန်းချောင်းရေနှင့် မြေအောက်ရေတို့ကို အမှီပြုပြီး စားဖိုဆောင်သီးနှံများကို အားထားစိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရသည်။