ထားဝယ်မြို့တွင် လမ်းလျှောက်သင်္ကြန်ဧရိယာအတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးသင်္ကြန်ဆင်နွှဲနေမှုအား တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်ကြည့်ရှုအားပေး
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ လမ်းလျှောက်သင်္ကြန်ကို မြန်မာရိုးရာယဉ်ကျေးအစဉ်အလာများနှင့်အညီ အေးသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်များဖြင့် ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက တက်ရောက်ကြည့်ရှုအားပေးသည်။