တနင်္သာရီတိုင်းဒေသကြီး

ပြည်ကြီးမဏ္ဍိုင်မြို့၌ (KG) ကျောင်းသား/သူများအား အာဟာရကျွေးမွေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင်  ကျောင်းနေအရွယ် ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားသင်ယူနေသည့် (KG) ကျောင်းသား/သူများအား ပထမအကြိမ်အဖြစ် အာဟာရကျွေးမွေးခြင်းကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။         

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များပြသ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစာင်ပြပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်၌ အခြေခံပညာကျောင်း (၁၃) ကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် အာဟာရကျွေးမွေးခြင်း ဆောင်ရွက်

ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၁ နာရီအချိန်က ပုလောမြို့နယ်၊ အခြေခံပညာကျောင်း (၁၃) ကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူများ (၆၀၉) ဦးအား ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် အာဟာရ ကျွေးမွေးခဲ့ကြောင်း သိရသည်။

ပလောက်မြို့၊ အမှတ်(၄) ရပ်ကွက်၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/သူများအား ကျောင်းတွင်း အာဟာရကျွေးမွေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ် (၄) ရပ်ကွက်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား/သူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ အမှတ် (၄) ရပ်ကွက်၊ အ.လ.ကခွဲ ( ဝါးဇွမ်းအုပ်) ကျောင်းတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက အ.လ.က ( ခွဲ)  ဝါးဇွမ်းအုပ်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တနင်္သာရီမြို့၊ အ-မ-က-အောက်ကင်းအရှေ့ကျောင်းသူ၊ ကျောင်းသားများအား (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ပညာပေးဟောပြောခြင်းနှင့်နံရံကပ်စာစောင်များ ပြသခြင်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ အောက်ကင်းအရှေ့ရွာ-အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား (၇၈)နှစ်မြောက်၊ပြည်ထောင်စုနေ့အကြိုနှင့် စာဖတ်ရှိန်မြင့်တက်စေရေးဟောပြောခြင်း၊ ပညာပေးနံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ KG အတန်းမှ Grade-5 အတန်းအထိ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

မြိတ်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးနှင့် ကလေးအလုပ်သမားများနှင့် ပတ်သက်သည့် ပြဋ္ဌာန်းချက်များ၊ အကာအကွယ်ပေးထားသည့် ဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနိုင်စေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အ.ထ.က(၃)မြိတ် ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေဖြူ၌ ရော်ဘာပြားဈေး ပထမရာသီနားချိန်တွင် တစ်ပေါင် ၂၉၀၀ ကျပ်ဈေးအထိ ဈေးကောင်းရရှိလာ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာအစေးလှီးသည့်လုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြရာ ရော်ဘာဈေးမှာ ပထမရာသီနားပြီးချိန်တွင် တစ်ပေါင်လျှင် ၂၉၀၀ ကျပ်အထိ ရရှိကြောင်း သိရသည်။

ဘုတ်ပြင်းမြို့ အ.ထ.က-ဘုတ်ပြင်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး  လူငယ်စကားဝိုင်းကျင်းပ

ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်၍ ကျောင်းသားကျောင်းသူ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကိုယမန်နေ့က  အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပလောက်မြို့၌ ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့မြေသြဇာဖြန့်ဖြူးရေးကော်မတီမှ ဦးဆောင်၍ မိုးစပါးစိုက်ပျိုးသူ တောင်သူများအား ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းအခမ်းအနားကို ယမန်နေ့နေ့လယ် (၁)နာရီက ပလောက်မြို့စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (KG) ကျောင်းသား/ သူများအား အာဟာရဖွံ့ဖြိုးတိုးတက်ရေး စား‌သောက်ဖွယ်ရာများ ကျွေးမွေးခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (KG) ကျောင်းသား/ သူများအား အာဟာရဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာသန်စွမ်းရေးအတွက် အဟာရပြည့်ဝသော စားသောက်ဖွယ်ရာများ ကျွေးမွေးခြင်းကို ယနေ့နံနက် ၁၁နာရီက ကျွေးမွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး