ကော့သောင်းမြို့တွင် ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခန်းအကြိုညှိနှိုင်းအစည်းအဝေးပြုလုပ်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှကြီးမှူးကျင်းပမည့် ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲ၌ ကော့သောင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။