တနင်္သာရီတိုင်းဒေသကြီး

ကျွန်းစုမြို့တွင် ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သည့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အသက်(၂၅)နှစ်‌အောက် အမျိုးသား၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းရင်းသားရိုးရာပြခန်းအဆောက်အဦနှင့် (MSME) အသေးစား၊ အလတ်စား၊ စက်မှုလက်မှုလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် စစ်ဗျူဟာအဖွဲ့(အခြေချ)ကော့သောင်းမှ စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့်အတူ မေ ၂၉ရက်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ ပြည်သူ့ရင်ပြင်ရှိ တိုင်းရင်းသားရိုးရာပြခန်းအဆောက်အဦသို့ သွားရောက်ကြည့်ရှု၍ အဆောက်အဦပြင်ဆင်မွမ်းမံရန်နှင့် တိုင်းရင်းသားရိုးရာပြခန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်တို့ကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။

ရေဖြူမြို့တွင် လယ်(၈၇၀)ဧကအတွက် သွင်းအားစုဖိုး မတည်ရန်ပုံငွေ ကျပ်သိန်း (၁၇၄၀) ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း(မြစိမ်းရောင်) သမဝါယမကဏ္ဍမှ မြို့နယ်အတွင်းရှိ လယ်(၈၇၀)ဧကအတွက် သွင်းအားစုဖိုး မတည်ရန်ပုံငွေ ကျပ်သိန်း (၁၇၄၀) ပေးအပ်ပွဲကို မေလ၂၈ရက်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်သာဝတီအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီမြို့နယ် Community Centre အတွင်း စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်း အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်လူရွယ်များနှင့် ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးသော လူငယ်များ ပေါ်ထွန်းလာစေရန်၊ စာဖတ်ရှိန် မြင့်မားစေရေး၊ စာကြည့်တိုက်ကို အားကိုးတတ်လာစေရန် စသည့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre အတွင်း အသိပညာပေး ဟောပြောပေးကြောင်း သိရသည်။

ရေဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ‌‌ရေဖြူမြို့နယ်၏ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ရေဖြူမြို့ (က) ရပ်ကွက်စည်ပင်သာယာ ရေး မြေအတွင်း မြို့နယ်သစ်တောဦးစီးဌာနမှ စီစဉ်ကျင်းပပြုလုပ်သည်။

ဘုတ်ပြင်းမြို့၌  မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကလိန်အောင်မြို့တွင် ယခုနှစ် ရာသီပေါ်ထွက်ရှိသည့် ပတ္တမြားငမောက်သရက်သီး‌  ဈေးကောင်း ရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ရာသီပေါ်ထွက်ရှိသည့် ပတ္တမြားငမောက်သရက်သီးမှာ မနှစ်ကထက် ဈေးကောင်းရရှိ၍ အဆင်ပြေကြကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။

သရက်ချောင်းမြို့နယ်တွင် (၂၀၂၄–၂၀၂၅) ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော (၂၀၂၄–၂၀၂၅)ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပသည်။

တနင်္သာရီမြို့နယ် Community Centre ခန်းမအတွင်း အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမအတွင်း အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့  မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်ကြောင်း သိရသည်။

ရေဖြူမြို့တွင် လယ် (၈၇၀) ဧကအတွက် သွင်းအားစုဖိုး မတည်ရန်ပုံငွေ ကျပ်သိန်း (၁၇၄၀) ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) သမဝါယမကဏ္ဍမှ မြို့နယ်အတွင်းရှိ လယ် (၈၇၀) ဧကအတွက် သွင်းအားစုဖိုး မတည်ရန်ပုံငွေ ကျပ်သိန်း (၁၇၄၀) ပေးအပ်ပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်သာဝတီအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး