တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်‌ ဦးမြတ်ကို ၂၀၂၄ ခုနှစ် မိုးရာသီ (အကြို) သစ်ပင် စိုက်ပျိုးပွဲ‌တော်သို့ တက်ရောက်

ပြည်သူများအနေဖြင့် သစ်တောသစ်ပင်၏တန်ဖိုးကို အလေးထား နားလည်ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကို ဖော်ဆောင်ပေးရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်၊ အရိပ်အာဝါသနှင့် မျက်စိပသာဒရှိ‎စေရန်၊ ရာသီဥတု ကောင်းမွန်မျှတ၍ အပူဒဏ် ကာကွယ်ရန် ရည်ရွယ်၍ မိုးရာသီ(အကြို) စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၇ နာရီခွဲခန့်က တနင်္သာရီတိုင်း‌ဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ ရွှေပြည်စိုးကျေးရွာ၊‌ ကော့သောင်းဂေါက်ကလပ်ဧရိယာအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပန်းချီပိုစတာပြိုင်ပွဲ ကျင်းပ

၂၀၂၄ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး၊ မြေယာပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်ဖြင့် ပန်းချီပိုစတာပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ပလောက်မြို့တွင် ကွန်ကရစ်ပစ္စည်းများ တစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ အမှတ်(၁) ရပ်ကွက်တွင် ကွန်ကရစ်ပစ္စည်းများ တစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုအတွက် ဝင်ငွေများရရှိ၍ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပ

ပုလောမြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပုလောအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီမြို့နယ် Community Centre အတွင်း ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) မြို့နယ်လူထုအခြေပြုဗဟိုဌာနအတွင်း ကိုယ်လုံပညာ(လက်ဝှေ့)သင်တန်း တက်ရောက်နေသောကျောင်းသူ/သားများ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာဗဟုသုတများရရှိပြီး သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အသိပညာပေး ဟော ပြောပွဲ ပြုလုပ်ပေးကြောင်း သိရသည်။

ကော့သောင်းမြို့တွင် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ကော့သောင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်ဖြင့် အခြေခံပညာ အထက် တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပခဲ့သည်။

ကျွန်းစုမြို့တွင် လယ် ၂၅၀ ဧကအတွက် သွင်းအားစုဖိုး မတည်ရန်ပုံငွေ ကျပ်သိန်း ၅၀၀ ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း(မြစိမ်းရောင်) သမဝါယမကဏ္ဍမှမြို့နယ်အတွင်းရှိ လယ် ၂၅၀ ဧကအတွက် သွင်းအားစုဖိုး မတည်ရန်ပုံငွေ ကျပ် သိန်း ၅၀၀ ပေးအပ်ပွဲကို ယနေ့နေ့လယ်(၁၂)နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းစုမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင်  သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ရပ်ကွက်၊ ကျေးရွာများ၌ ဆောင်ရွက်နိုင်‌ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပလောက်မြို့တွင် တစ်ပိုင်တစ်နိုင် ဆပ်ပြာဆီပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ဒေသနေပြည်သူများသည် အပိုဝင်ငွေရရှိရန်အတွက် တစ်ပိုင်တစ်နိုင် ဆပ်ပြာဆီပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ထားဝယ်မြို့၌ "သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး၊ မြေယာပြန်လည်ပြုပြင်ပေး" ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

၂၀၂၄ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး၊ မြေယာပြန်လည်ပြုပြင်ပေး" ခေါင်းစဉ်ဖြင့် စာစီစာကုံး ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး