ကော့မှူးမြို့နယ် မူလွန် (လက်ခိုက်) ကျောင်း၌ စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြော
ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတ ကြွယ်ဝပြီး စဉ်းစားတွေးခေါ်မှု အသိဉာဏ်များ ပိုမိုရှင်သန်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန် မြင့်မားရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်လက်ခိုက်ကျေးရွာ မူလွန် (လက်ခိုက်) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။