ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

နွားထိုးကြီးမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒို့ကျေးရွာဂျာနယ် အတွဲ-၂၁၊ အမှတ်-၂ ပါ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)၏ “သုတနှင့် မုတအတွေ့အကြုံ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကွန်ပျူတာသင်တန်း အမှတ်စဉ်(၂/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အိမ်မဲမြို့နယ် Community Centre ခန်းမတွင် အခြေခံအင်္ဂလိပ်စာသင်တန်း အခမဲ့ ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြန်/ဆက် ဦးစီးဌာန နှင့် Youth Club အဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်တွင်ကျင်းပခဲ့သည်။

စစ်ကိုင်းခရိုင်ပြန်/ဆက်ရုံးတွင် ပုံတူပန်းချီရေးဆွဲပြိုင်ပွဲနှင့် နွေရာသီပန်းချီသင်တန်း ဆင်းပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းခရိုင်ရုံး Community Centre ၌ နွေရာသီအခြေခံပန်းချီသင်တန်းကို မတ်လ ပထမအပတ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ သင်တန်ဖွင့်လှစ်မှု အပေါ်တွင်အောင်မြင်မှုရှိ/မရှိကိုလည်းကောင်း တက်ရောက်ကြသည့် ကလေးများ၏ သင်ကြာသည့်ဘာသာရပ်အပေါ်တွင် လေ့လာမှတ်သားသင်ယူနိုင်စွမ်းကို စမ်းစစ်ချက်အနေဖြင့် ပုံတူပန်းချီရေဆွဲပြိုင်ပွဲနှင့် ပန်းချီသင်တန်းဆင်ပွဲ အခမ်းအနားကို မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေ၊ ကဗျာရေးသားနည်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ စာပေ၊ကဗျာရေးသားနည်း သင်တန်းကို မတ်လ (၈) ရက်နေ့မှ မတ်လ (၁၃) ရက်နေ့အထိဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်၁၀နာရီခွဲက အဆိုပါရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရမည်းသင်းခရိုင်တွင် ရာသီဥတုပြောင်းလဲခြင်းအကြောင်း အသိပညာပေး ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက ဦးစီးသည့် ရာသီဥတုပြောင်းလဲခြင်းအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်သည်။

ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာစီစာကုံးပြိုင်ပွဲကျင်းပ

 ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ စာပေ/ကဗျာရေးသားနည်း သင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက သင်တန်းစမ်းစစ်ချက်အနေဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပခဲ့ကြောင်းသိရှိရသည်။

မအူပင်ခရိုင် Community Centre ခန်းမတွင်ကလေးသူငယ်အခွင့်‌အရေးဆိုင်ရာဆွေးနွေးပွဲ ကျင်းပပြုလုပ်

မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်ဘာသာရပ် ဆက်လက်ဖြေဆို

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများရှိ စာစစ်ဌာန အသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် ဒုတိယနေ့ အင်္ဂလိပ်ဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိသည်။

မြောင်းမြခရိုင် လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆွေနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရှေ့လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် Book Club အဖွဲ့နှင့် ဆွေနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ