ပန်းတောင်းမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) မှ စာဖတ်ဝိုင်းကျင်းပဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြည်သူများ စာပေဗဟုသုတများ ပိုမိုကြွယ်ဝလာစေပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတိုင်ပင်ညှိနှိုင်း ဆောင်ရွက်တတ်သည့် အလေ့အထများ ဖြစ်ထွန်းလာနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။