တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်ရုံး၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်းနှင့် သတင်းမီဒီယာသမားများနှင့် ဆက်ဆံရေးကောင်းမွန်စေရေး လုပ်ငန်းညှိနှိုင်း
တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်အနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ ကာလအတွင်းပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၂၇) အရ တရားရုံးအသုံးပြုသူပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေရန် တရားရုံးဝန်ဆောင်မှုများကိုအများပြည်သူလက်လှမ်းမီစေရန်နှင့် တရားရုံး စစ်ဆေးဆဲမှုခင်းများ၏ စစ်ဆေးစီရင်မှုနှင့်စပ်လျဉ်း၍သတင်းအချက်အလက်ရယူလိုသော သတင်းမီဒီယာသမားများနှင့် ဆက်ဆံရေးကောင်းမွန်စေရန်ဆောင်ရွက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး တရား လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။