အမြို့မြို့အနယ်နယ်သတင်းများ

တောင်ဥက္ကလာပမြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ်ဆိုင်ရာ အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်‌သေခံမှတ်ပုံတင်စနစ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မတ်လ ၂၄ ရက်မွန်းလွဲပိုင်းက တောင်ဥက္ကလာပမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပခဲ့သည်။

သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်ရုံးရှေ့တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ပြသဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် လူငယ်လူရွယ်များ၊ ကျောင်းသူ၊ ကျောင်းသားများ၊ ဒေသခံပြည်သူများက မူးယစ်ဆေးဝါးအန္တရာယ်ကိုသိရှိစေရန် ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရုံးရှေ့တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး  အသိပညာပေး  နံရံကပ်စာစောင်ကို  ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လကမ္ဘာဆေးရုံရှိဝန်ထမ်းများနှင့် ဈေးများတွင် မီးဘေးအသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြသ

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်စီးဌာနမှ လကမ္ဘာဆေးရုံရှိ ဝန်ထမ်းများအား မီးဘေးအသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြသ မတ် ၂၄ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

လှိုင်းဘွဲမြို့၌ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့်စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးခြင်း မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်ပို့ချပေးလျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့်စိတ်လူမှုဆက်ဆံရေးဆိုင်ရာ အထောက်အပံ့ပေးခြင်း မြို့နယ်အဆင့်သင်တန်းပို့ချခြင်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်တွင် Women Club အသင်းနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်    

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင်မတ်လ ၂၆ ရက်နေ့နံနက် ၉ နာရီခွဲအချိန်က Women Club အသင်းနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။    

ကျုံပျော်၌ အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကျင်းပပြုလုပ်မည့် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ရှိ ပြည်လုံးပေါ်ဘုရားကြီးကျောင်းတိုက်၌ ယမန်နေ့နေ့လယ် ၁ နာရီခွဲအချိန်က ကျင်းပ ပြုလုပ်သည်။

ကန်ကြီးထောင့်မြို့နယ်၌ ပန်းအလှဆင်သင်တန်းနှင့် ဆံပင်၊ မိတ်ကပ်အလှပြင်သင်တန်းဖွင့်

ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် World Vision တို့ပူးပေါင်းဖွင့်လှစ်သည့် ပန်းအလှဆင်သင်တန်းနှင့် ဆံပင်၊ မိတ်ကပ်အလှပြင်သင်တန်းကို ယနေ့နံနက်က အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျုံပျော်မြို့၌ (၈၁)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးနှင့် ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် လူစည်ကားရာနေရာများတွင် (၈၁)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား အခမဲ့သွားရောက်ဖြန့်ဝေပေးခဲ့ကြသည်။

မုံရွာမြို့၌ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း သရုပ်ပြပွဲ အခမ်းအနားကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မုံရွာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ကားဂိတ်၊ ဆိုက်ကားဂိတ်နှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ