စစ်ကိုင်းမြို့နယ်တွင် အဓိကသီးနှံ ၁၀ မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများထံ ကွင်းဆင်းစစ်တမ်းကောက်ယူ
စစ်ကိုင်းမြို့နယ်တွင် အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုအပ်သည့် နည်းပညာနှင့် သွင်းအားစုများကို အချိန်နှင့်တပြေးညီ ပံ့ပိုးလျှက်ရှိရာ ယခုအခါ မြို့နယ်အတွင်းရှိ ပန်းတိုင်အထွက်နှုန်းသက်မှတ်ထားသည့် သီးနှံများထဲမှ ပန်းတိုင်ပြည့်မှီရန် ကျန်ရှိနေသည့် သီးနှံများအား ပန်းတိုင်ရည်မှန်းချက်၊ ထွက်နှုန်း မပြည့်မှီရခြင်း အကြောင်းအရာများကို စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများမှ နယ်မြေကွင်းဆင်း၍ တောင်သူများထံမှ စစ်တမ်းများကောက်ယူလျှက်ရှိကြောင်း သိရသည်။