အမြို့မြို့အနယ်နယ်သတင်းများ

အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ မြန်မာ့လက်ရွေးစင်လူငယ်များ ခြင်းလုံးအလှခတ် သရုပ်ပြသ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြိုနယ်တွင် မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းများ ပိုမိုပြန့်ပွားစေရေးနှင့် ဒေသခံပြည်သူများ ကြည့်ရှုအားပေးနိုင်စေရေးအတွက် ဖြူးမြိုနယ် ခြင်းလုံးအားကစားဝါသနာရှင်များအဖွဲ့မှ ကြီးမှူး၍ ယမန်နေ့၊ ညနေပိုင်းက အ-ထ-က(၁) ကျောင်းဝန်းအတွင်း၌ အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ မြန်မာ့လက်ရွေးစင်လူငယ်များမှ ခြင်းလုံးအလှခတ် သရုပ်ပြသမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့နယ်၌ ရွေးကောက်ပွဲနေ့မတိုင်မီ ခရီးဝေးတွင်တာဝန်များထမ်းဆောင်ကြမည့်ဝန်ထမ်းများ ပဥ္စမနေ့ကြိုတင်ဆန္ဒမဲပေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပသည့်နေ့နှင့် ယင်းနေ့မတိုင်မီ နိုင်ငံတော်တာဝန်များဖြင့် ခရီးဝေးသွားလာကြသည့်ဝန်ထမ်းများ ပဥ္စမနေ့ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက်ပိုင်းက မုံရွာမြို့‌နယ်နန္န္ဒဝန်ရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးအစည်းအ‌ဝေးခန်းမတွင် ဆောင်ရွက်ကြကြောင်း သိရသည်။

ကျေးသီးမြို့၌ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများ ထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ၏ ယနေ့နံနက် (၉)နာရီအချိန်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ် လူငယ်စင်တာ၌ အခြေခံစာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်း ဖွင့်လှစ်

ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသော အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်း (၂/၂၀၂၅) သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လူငယ်စင်တာ၌ ကျင်းပသည်။

တီးတိန်မြို့၌ ကြိုတင်မဲပေးခြင်းဆောင်ရွက်

ချင်းပြည်နယ်တီးတိန်မြို့၌ ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီ‌ ရွေးကောက်ပွဲကြိုတင်မဲပေးခြင်းကို ဒီဇင်ဘာ ၁၈ ရက်နေ့က စတင်ဆောင်ရွက်ကြရာ နယ်မြေလုံခြုံရေးထမ်းဆောင်မည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက်ကြိုတင်မဲများပေးကြကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မဲရုံဖွင့်လှစ်မည့်နေရာများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး၌ မဲရုံဖွင့်လှစ်ကျင်းပဆောင်ရွက်မည့်နေများအား တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်လျက်ရှိရာ မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးသက်နိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစည်သူ၊ မြို့နယ်တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက် ၉ နာရီခွဲမှ စတင်ကာ ပုသိမ်ကြီးမြို့နယ် တောင်ဘက်အပိုင်းရှိ ကျေးရွာများသို့ ကွင်းဆင်းကြည့်ရူစစ်ဆေးကြသည်။

စစ်ကိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်‌ရှောက်မှုပေး

စစ်ကိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အာဟာရဆန်ပြုတ်များတိုက်ကျွေးခြင်းနှင့် စားသုံးဆီများစျေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းတာဝန်ခံ ဦးသန်းအောင်ကျော် အောင်မြေသာစံမြို့နယ်၌ မဲရုံများပြင်ဆင်ထားမှုများ လှည့်လည်ကြည့်ရှု

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းတာဝန်ခံ ဦးသန်းအောင်ကျော်သည် ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက အောင်မြေသာစံမြို့နယ်အတွင်း မဲပေးစက်များထားရှိမှု၊ မဲရုံပြင်ဆင်ထားမှုအခြေအနေတို့ကို ကြည့်ရှုစစ်‌ဆေးသည်။

ရွှေဘိုမြို့တွင် မဲရုံတာဝန်ကျဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊‌ ရွှေဘိုမြို့တွင် မဲရုံတာဝန်ကျဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ရပ်ကွက်ရုံး၌ ဒီဇင်ဘာလ ၁၉ ရက်နေ့မှစ၍ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်‌နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်‌ရေး‌နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ စာစီစာကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲကို ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ