အမြို့မြို့အနယ်နယ်သတင်းများ

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ၊ ခရစ်နှစ် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြို့နယ်အတွင်း စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၂၄ ရက်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစမ်းသပ်စစ်‌ဆေးကုသပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို‌ ယနေ့နံနက်(၁၀)နာရီခွဲက စေတုတ္တရာမြို့နယ် မိခင်နှင့်က‌လေးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ဈေးများနှင့်ဒေသခံပြည်သူများ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံစိတ်ချရမှုရှိစေရေးအတွက် မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းများကို ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၃ ရက်နေ့က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ဦးစီးဌာန၊ ကွမ်းခြံကုန်းမြို့နယ်ရုံး၌ မီး‌ဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်‌ရေးအတွက် သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

မိုးနဲမြို့နယ်တွင် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး ပျိုးထောင်လျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လာမည့် စိုက်ပျိုးရာသီတွင် ကော်ဖီသီးနှံ တိုးချဲစိုက်ပျိုးနိုင်ရေးအတွက် ဌာနပျိုးဥယျာဉ်၌ ကော်ဖီပျိုးပင်များ စတင်ပျိုးထောင်လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်လူထုအခြေပြုဗဟိုဌာနတွင် ပုံပြော၊ကဗျာရွတ်ပြိုင်ပွဲနှင့်နှင့်စာအုပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊  အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် မတ် ၂၄ ရက် မွန်းလွဲ(၂)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပုံပြင်ပြော၊ကဗျာရွတ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲ ကျင်းပသည်။

ပွင့်ဖြူမြို့နယ်တွင် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့ အရှေ့ပိုင်းရပ်ကွက်ရှိ အောင်သိဒ္ဓိကျောင်းတိုက် ဘဝမဏ္ဍိုင်သာသနာပြုဖောင်ဒေးရှင်းမှ ကြီးမှူးကျင်းပသော ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဆင်းပွဲနှင့် ဆုချီမြှင့်ခြင်း အခမ်းအနားကို မတ် ၂၅ ရက်၊ နံနက်ပိုင်းက အဆိုပါ ကျောင်းတိုက်တွင် ကျင်းပသည်။

ပဲခူးမြို့ ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား စည်းကားသိုက်မြိုက်စွာ ကျင်းပ

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ ဆုတောင်းပြည် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၈)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ကဦးဆောင်၍ ဘုရား၊ တရား၊ သံဃာသုံးဌာနပူဇော်ပွဲနှင့်အတူ ပျော်ပွဲရွှင်ပွဲများထည့်သွားကာ မတ်(၂၇)ရက်မှ ဧပြီ(၅)ရက်အထိ (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

သဲကုန်းမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ အမြင့်ဆုံးသာသနာပြုဘွဲ့တံဆိပ်ဖြစ်သော "အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ" ဘွဲ့တံဆပ်ရရှိတော်မူသော ဆရာတော် ဘဒ္ဒန္တဝိစာရဉာဏအား ဂုဏ်ပြုပူဇော်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် နိုင်ငံတော်အစိုးရမှ အမြင့်ဆုံးသာသနာပြုဘွဲ့တံဆိပ်ဖြစ်သော "အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ" ဘွဲ့တံဆပ်ရရှိတော်မူသော ဆရာတော် ဘဒ္ဒန္တဝိစာရဉာဏ (ပူတာအိုဆရာတော်) အရှင်မြတ်အား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က မင်းလှအုပ်စု၊ ကျားပင်းဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၌ ဝန်ထမ်းများအား မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြသခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ဝန်ထမ်းများအား မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် လက်‌တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြသခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃)နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးဝန်းအတွင်း ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမျိုးလှိုင်၊ မကွေးတိုင်းဒေသကြီး၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ညွန်ကြား‌ရေးမှူး ဦး‌စောနိုင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း (၁၀၀)ကျော် တက်ရောက်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ