ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့၌ ပထမဆုံးအကြိမ် ကျင်းပသည့် Cleaning Campaign သို့ တက်ရောက်
ပတ်ဝန်းကျင် သန့်ရှင်းသာယာစေရေးနှင့် လူမှုတာဝန်ယူစိတ် မြှင့်တင်နိုင်စေရေး ရည်ရွယ်၍ Cleaning Campaign အဖြစ် မြစ်ကြီးနားမြို့ မင်းရပ်ပြည်သူ့အားကစားကွင်းနှင့် ကမ်းနားလမ်း တလျှောက်တို့တွင် မတ် ၂၄ ရက် နံနက်ပိုင်းက ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်း ဆောင်ရွက်သည်။