အမြို့မြို့အနယ်နယ်သတင်းများ

ရေးမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုမှု ဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၆ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တူးမြောင်းကျေးရွာအုပ်စု၊ ကျိူက်ဒေတမော့ဗရတ် ကျောင်းတိုက်၌ကျင်းပခဲ့ရာ ကျောင်းတိုက်အသီးသီးမှ စာဖြေသံဃာတော်များ ဝင်ရောက်ဖြေဆိုခဲ့သည်။

ကျိုင်းတုံမြို့၌ ME STYLE CUP အသက်(၄၀)နှစ်နှင့်အထက် အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

၂၀၂၆ ခုနှစ် ကျိုင်းတုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ME STYLE CUP အသက်(၄၀)နှစ်နှင့်အထက် အမျိုးသားဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို မတ် ၂၂ ရက် ညနေ ၃ နာရီက မြို့မအားကစားကွင်း၌ ကျင်းပသည်။

ကျေးသီးမြို့၌ (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “သတင်းစကား” အထိမ်းအမှတ်လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီက ကျေးသီးမြို့နယ် (၁၃၁) ခြေလျင်တပ်ရင်းမှ ရဲဘော်များ၊ မြို့မဈေးနှင့် လမ်းသွားလမ်းလာပြည်သူများထံ အခမဲ့ဖြန့်ဝေခဲ့သည်။

မုံရွာ မြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ်ပြုလုပ်ကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲအားစစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အလယ်ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နေ့လည်ပိုင်းက ကျင်းပပြုလုပ်ရာကျောင်းတိုက်အသီးသီးမှ စာဖြေသံဃာတော်များ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဇေယျာသီရိမြို့နယ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြည်စံအောင် အခြေခံပညာအထက်တန်းကျောင်း ယဉ်ကျေးလိမ္မာသင်တန်း၌ သွားရောက်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်၏ သစ်တောဖုံးလွှမ်းမှုမှာ ပြည်နယ်ဧရိယာ၏ (၆၇ ဒဿမ ၈၉) ရာခိုင်နှုန်း၊ ဧရိယာဧက ၁၄ ဒဿမ ၉၃ သန်းရှိပြီး နိုင်ငံ့ဧရိယာ၏ (၀ ဒဿမ ၅၂) ရာခိုင်နှန်းရှိသည့်အပြင် ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းလျက်ရှိ

ကချင်ပြည်နယ်၏ သစ်တောဖုံးလွှမ်းမှုမှာ ပြည်နယ်ဧရိယာ၏ ၆၇ ဒဿမ ၈၉ ရာခိုင်နှုန်းနှင့် ဧရိယာဧက ၁၄ ဒဿမ ၉၃ သန်းရှိပြီး နိုင်ငံ့ဧရိယာ၏ ၀ ဒဿမ ၅၂ ရာခိုင်နှုန်းရှိကြောင်း မတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည့် အပြည်ပြည် ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားမှ သိရသည်။

ကျိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကျောင်းပိတ်ရက် (အခမဲ့) အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ရက် (အခမဲ့) အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကို ယမန်နေ့က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပသည်။

ညောင်တုန်းမြို့နယ်၌ "လူငယ်အညွန့်အဖူးလေးများအတွက်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော "လူငယ်အညွန့်အဖူးလေးများအတွက်" စာအုပ်ဖြင့် ယနေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်း‌ပြုလုပ်ကျင်းပခဲ့သည်။

ကော့မှူးမြို့နယ်တွင် ယာဥ်များအား BarCode/QRCode ဖြင့် စက်သုံးဆီရောင်းချ​နေမှုအား လိုက်လံ စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ Max၊ Apex၊ ရွှေသရဖူစက်သုံး ဆီအရောင်းဆိုင်များသို့ ယမန်နေ့နံနက်ပိုင်းက​ မြို့နယ်စီစစ်​ကြီးကြပ်ရေးအဖွဲ့ဝင်များက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရုပ်ပုံပြပုံပြင်ပြောခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွား‌စေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်ကာ စာကြည့်တိုက်အား အသုံးချတတ်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ရုပ်ပုံပြပုံပြင်ပြောခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲများဆောင်ရွက်ခြင်းကို ယမန်နေ့က ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ