ဝေးလံခေါင်ဖျားဒေသသတင်းများ

မြို့သစ်မြို့နယ်ရှိ ရေလှောင်တမံများမှ ယခုနှစ် နွေစပါးလျာထားဧက ၃၉၇၅ကျော် စိုက်ပျိုးရေများ ပေးဝေလျက်ရှိ

ပြီးခဲ့သည့်နှစ် မိုးရာသီကာလက မိုးရွာသွန်းမှု နည်းပါးခဲ့ခြင်းကြောင့် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် အတွင်းရှိ စွန်ရေလှောင်တမံ၊ ဆဒ္ဒန်ရေလှောင်တမံ၊ ပုလင်းရေလှောင် တမံ၊ ဘုတ်ချောင်း ရေလှောင်တမံနှင့် နတ်မောက်မြို့ရှိ နတ်မောက်ရေလှောင်တမံတို့တွင် ရေဝင်ရောက်မှု နည်းပါးခဲ့သော်လည်း မြို့သစ်မြို့နယ် အတွင်းမှ နွေစပါး လျာထား ဧက ၃၉၇၅ ကျော်သို့ စိုက်ပျိုးရေများ ပေးဝေနေပြီဖြစ်ကြောင်း မြို့သစ်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

မီးဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ အိမ်တိုင်ရာ‌‌ရောက် ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဗျက်ကြီးအုပ်စု၊ ကျွန်းကုန်းကျေးရွာတွင် မီးလောင်ကျွမ်းပျက်ဆီး ဆုံးရှုံးသွားသော နေအိမ်မှ အိမ်ထောင်စုဝင်များကို ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း ကို ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ချိန်က အိမ်တိုင်ရာ‌‌ရောက် သွား‌ရောက်ထောက်ပံ့ ပေးအပ်ခဲ့‌ကြောင်း သိရသည်။

မီးဘေးအန္တရာယ် လုံခြုံကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် မီးသတ်ဆေးဗူး လက်တွေ့ အသုံးပြုပုံများ သရုပ်ပြခြင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် မီးသတ်ဆေးဗူး လက်တွေ့အသုံးပြုပုံများ သရုပ်ပြခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကြံခင်းမြို့ ရွှေတောင်စုရပ်ကွက် အခြေခံပညာ မူလတန်း ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆင်ဖြူကျွန်းမြို့ မဟာပါဒင်္ကချောင်းထဲ စက်တော်ရာဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်ဖြူကျွန်းမြို့ မဟာပါဒင်္ကချောင်းထဲ စက်တော်ရာ(ခြေတော်ရာ) ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ် တပေါင်းလဆန်း(၈)ရက်နေ့မှ တန်ခူးလဆန်း(၈)ရက်နေ့ထိ၊ ၂၀၂၀ ပြည့်နှစ် မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ စည်ကား သိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ဘုရားပွဲတော်ကျင်းပရေးဂေါပကအဖွဲ့ထံမှသိရသည်။

သမိုင်းဝင်အညာသီဟတော ရွှေဆင်းတုတော် (၃၂) ကြိမ်မြောက် ဒေသစာရီကြွချီအပူဇော်ခံမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ဧရာဝတီမြစ်အတွင်း၌ တည်ရှိသော သမိုင်းဝင် အညာသီဟတော ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း (၁၀) ရက် (၃-၃-၂၀၂၀) ရက်နေ့မှ တပေါင်းလပြည့်နေ့ (၈-၃-၂၀၂၀) ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက် ရှိသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်း ကစ၍ ကျေးရွာများအရောက် သွားရောက်ဆောင်ရွက်ခဲ့သည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကျောက်ပန်းတောင်းမြို့နယ် ထန်းတောကြီးကျေးရွာ မူလတန်းကျောင်းသို့ ကျောင်းသုံး ပရိဘောဂများပေးအပ်လှူဒါန်း

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လက်ပံပင်ကျေးရွာအုပ်စုရှိ၊ ထန်းတောကြီး ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအတွက် ကျောင်းသုံးပရိဘောဂများပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက အဆိုပါကျောင်းယာယီမဏ္ဍပ်တွင် ပြုလုပ်ခဲ့သည်။

စစ်ကိုင်းမြို့တွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ (အခမဲ့)သင်တန်းဖွင့်လှစ်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ ရှေးဦးအရွယ် ကလေးသူငယ်ပြုစု စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ(အခမဲ့)သင်တန်းဖွင့်ပွဲကို ယနေ့ မွန်းလွဲ (၁)နာရီက စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံး ခန်းမတွင် ကျင်းပခဲ့သည်။

တန့်ဆည်မြို့တွင် အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေး

မြန်မာနိုင်ငံတွင် အသည်းရောဂါဖြစ်ပွားမှု၊ အသည်းရောဂါကြောင့် နောက်ဆက်တွဲရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှု လျော့နည်းသွားစေရေး ရည်ရွယ်၍ တန့်ဆည်မြို့နယ် ပါရမီလူမှုကူညီရေးအသင်း နှင့် မြန်မာအသည်းဖောင်ဒေးရှင်း (ရွှေဘိုအသင်းခွဲ)တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများအား အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး ရှိ/မရှိ အခမဲ့သွေးစစ်ခြင်းကို ယနေ့ မွန်းလွဲ (၁)နာရီ အချိန်က မြို့တော်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ဒလမြို့နယ်၌ ရပ်ရွာလူထု ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ရေး စီမံချက်၏ စီမံကိန်းလုပ်ငန်းစဉ်များမျှဝေခြင်း အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီးဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် Actionaid Myanmar တို့ ပူးပေါင်း၍ မြို့ပြဒေသရှိ ရပ်ရွာလူထုများအား ဘေးကင်း လုံခြုံစေရေး၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့ပါးသက်သာစေရေးအတွက် ရည်ရွယ်၍ မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာအုပ်စု ဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီဝင်များ၏ ဒလမြို့နယ်၌ ဆောင်ရွက်ခဲ့သော ရပ်ရွာလူထု ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ရေး စီမံချက်၏ စီမံကိန်းလုပ်ငန်းစဉ်များ မျှဝေခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် သီရိဇေယျနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ