ဝေးလံခေါင်ဖျားဒေသသတင်းများ

ဆေးဝါးဥပဒေနှင့် ဆေးဝါးရောင်းချမှုဆိုင်ရာ ကျင့်စဉ်ကောင်းများအကြောင်း ပညာပေးဆွေးနွေး ဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဆေးဝါးဥပဒေနှင့် ဆေးဝါးရောင်းချမှုဆိုင်ရာ ကျင့်စဉ်ကောင်းများအကြောင်း ပညာပေးဆွေး​နွေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၄)ရပ်ကွက်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း (၁၀) နှစ်ပြည့် ကလေးများနှင့် (၁၈) နှစ်ပြည့်ပြီးသူ နိုင်ငံသားများအားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်း၍ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြရာ ၂၀၂၀ ခုနှစ်အထိ ရပ်ကွက်တိုင်းနှင့် ကျောင်းများတွင် အနည်းဆုံး (၂)ကြိမ်ထက်မနည်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများစွာ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိကိုင်ဆောင်နိုင်ခဲ့ကြပြီဖြစ်သည်။

ကောလင်းမြို့နယ်တွင် စာစစ်ဌာန (၈)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ (၂၅၇၅) ဦး ဝင်ရောက်ဖြေဆိုမည်

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံအတွင်း အ‌ခြေခံပညာကျောင်းများရှိ စာစစ်ဌာနများ၌ မတ်လ ၁၁ ရက်နေ့မှစတင်၍ မတ်လ ၂၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၈)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ ၂၅၇၅ ဦး ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြိုင်မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန အစီအစဉ်ဖြင့် နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်မည်

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အစီအစဉ်ဖြင့် ကျင်းပမည် ဖြစ်သော နွေရာသီအားကစားသင်တန်းများကို မြိုင်မြို့ မြို့နယ်အားကစားကွင်းတွင် သင်ကြားသွားမည် ဖြစ်သည်။

လူထုအခြေပြုဗဟိုဌာန (ဗဟန်း) (Community Centre) တွင် လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးက စီစဉ်၍ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ပြည်သူတစ်ရပ်လုံး ရရှိခံစားသင့်သော အခွင့်အရေးများကို အချိန်နှင့်တစ်ပြေးညီ အပြည်အဝ ရရှိနိုင် ရန်နှင့်အခွင့်အရေးများအပေါ် အသိအမှတ်ပြု နာလည်လက်ခံသည့်စနစ်များ၊ ဖွဲ့စည်းပုံများ၊ လုပ်ထုံးလုပ်နည်းများနှင့် အကောင်အထည်ဖော်မှုများကို လူမှုရေးပင်စင်ထောက်ပံ့ခြင်းလုပ်ငန်း ဆောင်ရွက်နေသူများ ပိုမိုသိရှိနားလည်ပြီး ချိတ်ဆက်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ လူမူရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ဗဟန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန (ဗဟန်း)၌ ကျင်းပသည်။

မင်းဘူးမြို့၌ သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့် ဘက်စုံသုံး မုန်တိုင်းဒဏ်ခံ အဆောက်အဦ တည်ဆောက်လျက်ရှိ

မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ ပူးပေါင်း၍ မင်းဘူး (စကု)မြို့နယ် ကြာကန်ကျေးရွာအုပ်စု အောက်ကျောင်း ဘုရားဝန်းအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ပါက ခိုလှုံနိုင်ရန် ရည်ရွယ်၍ ဘက်စုံသုံး မုန်တိုင်းဒဏ်ခံ အဆောက်အဦကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အဆုတ်ရောင်ရောဂါ (2019-nCoV)ရောဂါကြိုတင်ကာကွယ်ရေး စျေးသူ စျေးသားများအား အသိပညာပေးဟောပြော

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အဆုတ်ရောင်ရောဂါ (2019-nCoV) ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ စျေးသူစျေးသားများအား အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၉)နာရီက ခနောင်တိုအရှေ့ရပ်ကွက် စျေးလေးအတွင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပြည်သူလူထုတွေ့ဆုံပွဲနှင့် အဆုတ်ရောင်ရောဂါ (COVID-19) အကြောင်း အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ကျင်းပ

ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကညွှတ်ကွင်းကျေးရွာအုပ်စု၊ ကညွှတ်ကွင်းကျေးရွာ၊ ရာတနာသိဒ္ဓဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူလူထုများတွေ့ဆုံဆွေးနွေးပွဲနှင့် အဆုတ်ရောင်ရောဂါ(COVID-19) အကြောင်း အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

ညောင်ဦးမြို့၌ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ စွမ်းဆောင်ရည်မြှင့် သင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ စွမ်းဆောင်ရည်မြှင့်သင်တန်း ကို ယမန်နေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မီးသတ်စခန်း ဆောက်လုပ်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ငပယင်းစံပြကျေးရွာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ (၁၈၆)သန်းကျော်ဖြင့် မီးသတ်စခန်း အဆောက်အဦ ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ