အခြေခံပညာမူလတန်းကျောင်းများသို့ စာရေးကိရိယာများ ထောက်ပံ့လှူဒါန်း
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် နေပုညသင်္ဂဟပညာရေးထောက်ပံ့အသင်းမှ စာရေးကိရိယာများကို လစဉ်လှူဒါန်း ထောက်ပံ့ပေး လျက်ရှိရာ ယနေ့ (၈၃)ကြိမ်မြောက်အဖြစ် စာရေးကိရိယာ ပစ္စည်းများ လှူဒါန်းပွဲကို ဘေးမဲ့ကျေးရွာ၊ ကံဘဲ့ကျေးရွာနှင့် ပေါက်တော ကျေးရွာများရှိ အခြေခံပညာမူလတန်း ကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့သည်။