ဝေးလံခေါင်ဖျားဒေသသတင်းများ

2019 Novel Coronavirus Virus ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကျန်းမာရေးအသိပညာပေးဟောပြော (Mask) များအခမဲ့ပေးဝေ

ရေဦးမြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံ ဆေးရုံအုပ် ဒေါက်တာအောင်ကျော်နိုင် ဦးဆောင်လျက် 2019 Novel Coronavirus Virus ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နေ့လည် ၂ နာရီက လက်ပံကွက် ကျေးရွာ စာသင်ကျောင်း၌ ပြုလုပ်ခဲ့သည်။

ဒိန်းမတ် - မြန်မာ လူ့အခွင့်အရေးနှင့်တရား ဥပဒေစိုးမိုးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ထားဝယ်မြို့၌ကျင်းပ

ဒိန်းမတ်- မြန်မာလူ့အခွင့်အရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ Diamond Crown Hotel ၌ ပြုလုပ်ကျင်းပခဲ့သည်။

မြန်အောင်မြို့နယ် ရှားတောကျေးရွာအုပ်စု တယ်ကုန်းကျေးရွာတွင်ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျေးလက်ဒေသနေပြည်သူများ အသိပညာတိုးပွားရေးနှင့် လူမှုစီးပွားတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ များနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲနှင့် ဌာနဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကို ယနေ့နံနက်က မြန်အောင်မြို့နယ် ရှားတောကျေးရွာအုပ်စု တယ်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများနှင့်ကလေးသူငယ်ဥပဒေဆိုင်ရာဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောက်ပန်းတောင်း-မိတ္ထီလာ ကလေးအခွင့်အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့(Upper KMN) မှ ဦးဆောင်၍ ကလေးသူငယ်အခွင့်အရေးများနှင့်ကလေးသူငယ် ဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre) တွင်ကျင်းပခဲ့ကြောင်း သိရသည်။

မန္တလေး၊ ချမ်းအေး သာစံမြို့နယ်၊ ဒေးဝန်းနောက်ရပ်ကွက်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သရုပ်ပြလေ့ကျင့်မှုများပြုလုပ်

မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး၏ လမ်းညွှန်မှုဖြင့် မီးသတ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သရုပ်ပြလေ့ကျင့်မှုကို ယနေ့ နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေး သာစံမြို့နယ်၊ ဒေးဝန်းနောက်ရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နောက်ဖေးလမ်းကြားဥယျာဉ်နှင့် ကလေးကစားကွင်းဖွင့်ပွဲ ကျင်းပ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်အတွင်းရှိ (၁၀၁) လမ်းတွင် “ လူချစ်နတ်ချစ် ၁၀၁ “ နောက်ဖေးလမ်းကြားဥယျာဉ်နှင့် ကလေးကစားကွင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးမြို့တွင် ပြည်သူ့စကားဝိုင်းကျင်းပ

"လူငယ်နှင့်အားကစား" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ ကုသိုလ်တော် လမ်း ၊၆၅လမ်းနှင့်၆ ၆လမ်းကြားရှိ ထွန်းသစ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။

မန္တလေး သတင်းလမ်းညွှန်

▲ တရားရုံးသတင်းအချက်အလက်ရယူမှုဆိုင်ရာနားလည်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပမည် ▲ တရားရုံးသတင်းအချက်အလက် ရယူမှုဆိုင်ရာ နားလည်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ဆာကူယာဟိုတယ်တွင် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉ နာရီတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ပန်းတနော်မြို့တွင် စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ၂ နာရီ အချိန်က မြို့နယ်စာရေးဆရာအသင်း ၊စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် Youth Club တို့ ပူးပေါင်း၍ စာရေးဆရာ ဟိန်းလတ်၏ "မှတ်ညဏ်ရင့်သန် ထက်မြက်စေရန် " စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

ကောလင်းမြို့နယ်၌ စတုတ္ထအကြိမ်မြောက် စာပေဟောပြောပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ညောင်ပင်သာအုပ်စု၊ သရက်ခုံကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကိုရီးယားသာသနာပြုဆရာတော် အရှင်သုဝဏ္ဏပညာ​ရေးဖောင်ဒေးရှင်း ပညာသင်စရိတ်ထောက်ပံ့ငွေ ပေးအပ်ပွဲအထိမ်းအမှတ် စတုတ္ထအကြိမ်မြောက် စာပေဟောပြောပွဲကို ယမန်နေ့ ည ၆ နာရီအချိန်တွင် ကျင်းပခဲ့သည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ