ဝေးလံခေါင်ဖျားဒေသသတင်းများ

သန်လျင်၌ အထပ်မြင့်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်း ဇာတ်တိုက် လေ့ကျင့်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် အထပ်မြင့်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား မီးသတ်ဦးစီးဌာနနှင့် ပရဟိတအဖွဲ့များ ပူးပေါင်း၍ လက်တွေ့ဇာတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့ နံနက် ၁၀ နာရီက Star City ကြယ်စင်အိမ်ရာ၌ ကျင်းပသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီ က (စ)ရပ်ကွက် သန္တာဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။

ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများ အကောင်အထည်ဖော်ရေး မြို့နယ်အဆင့်ဆွေးနွေးပွဲပြုလုပ်

အခြေခံပညာကျောင်းများတွင် ကျောင်းသားများပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန်၊ အစပျိုးလှုပ်ရှားမှုများ လုပ်ဆောင်ရသည့် အကြောင်းအရင်းများ၊ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များကို နားလည်သဘောပေါက်စေရန်နှင့် ပညာရေးလက်တွေ့ဖွံ့ဖြိုးမှု ၊ အသင်းအဖွဲ့များဖွဲ့စည်း ဆောင်ရွက်ခြင်းကို တတ်နိုင် သည့်ဘက်မှ ပုံပိုးကူညီရန်ရည်ရွယ်ချက်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကျောင်းသားများ ပါဝင်ဆောင်ရွက်မှု တိုးမြှင့်စေရန်အစပျိုးလှုပ်ရှားမှုများ (Student Participation Initiatives- SPI) အကောင်အထည်ဖော်ရေး မြို့နယ်အဆင့်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့ အထက -၁ ၊ မြတ်ရတနာခန်းမတွင် ပြုလုပ်သည်။

ငါန်းဇွန်မြို့၌ ၂၀၂၀ပြည့်နှစ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တမ်း ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ မြို့မအားကစားကွင်း မိုးလုံလေလုံအားကစားရုံအတွင်းတွင် ယမန်နေ့ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တမ်း ဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

ထားဝယ်ခရိုင်ဇုံ၊ တက္ကသိုလ်/ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ကျင်းပပြုလုပ်သည့် ထားဝယ်ခရိုင်ဇုံ၊ တက္ကသိုလ်/ကောလိပ် ပေါင်းစုံ ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန် က ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပသည်။

ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ကလေးလေစုပ်စက်တစ်လုံးနှင့် Patient Monitor ဝယ်ယူရန်အလှူငွေလှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ကလေးလေစုပ်စက်တစ်လုံးနှင့် Patient Monitor ဝယ်ယူရန် အလှူငွေ လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် အလှူရှင် မိသားစု တို့က လှူဒါန်းခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၊ ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလှထွန်း တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေး ဟောပြောပွဲ တက်ရောက်အမှာစကားပြောကြား

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ဇီးတောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် မကွေးတိုင်းဒေသကြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ ဆန်းစစ်စီမံခြင်းကို ယနေ့ နံနက်(၉)နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးမြို့တွင် အမေရိကန်တက္ကသိုလ်ပညာရေးပြပွဲ ၂၀၂၀ (Education USA University Fairs 2020) ကျင်းပ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ကြီးမှူးကျင်းပသည့် အမေရိကန်တက္ကသိုလ်ပညာရေးပြပွဲ ၂၀၂၀ (Education USA University Fairs 2020 )ကို မန္တလေးမြို့၊ ၆၆ လမ်းနှင့် ၂၆ လမ်းထောင့်ရှိ Hilton Hotel တွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ်တွင် ယခင်နှစ်ကထက် ပြောင်းဖူးဈေးနှုန်းများ ဈေးပိုရောင်းရသဖြင့် စိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူ များသည် ဖူးစားပြောင်းကို နွေ ၊ မိုး ၊ ဆောင်း သုံးရာသီ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကာ ယခုနှစ်တွင် ပြောင်းဖူးဈေးနှုန်းများ ယခင်နှစ်ကထက် ဈေးပိုရောင်းရသဖြင့် ဖူးစားပြောင်းစိုက်ပျိုး တောင်သူများ စီးပွားရေး တွက်ခြေကိုက်၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်းပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု ၊ ညောင်ပင်ဝိုင်းကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။

တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်းဒေသ၊ မုန်းခန်းမ၌ တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကြောင်း ပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ် ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်းဒေသ၊ မုန်းခန်းမ၌ ယမန်နေ့ နံနက်(၉)နာရီတွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနမှ ဦးဆောင်ပြီး တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ပညာပေး ဟောပြောခြင်း နှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့သည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ