ဝေးလံခေါင်ဖျားဒေသသတင်းများ

သနပ်ပင်မြို့နယ်၌ ပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေးပွဲ ကျင်းပ

သနပ်ပင်၊ ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လွှတ်တော်ကိုယ်စာလှယ်များ၊ မြို့နယ်အထွေအထွေအုပ်ချုပ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်သူ့ စကားဝိုင်းဆွေးနွေးပွဲခေါင်းစဉ်ဖြင့်  ပြည်သူ့စကားဝိုင်း (Public Talk) ကို ယနေ့နံနက် ၁၀ နာရီက သနပ်ပင်မြို့နယ် ရစ်ကံလေးကျေးရွာ ကယ်ဆယ်ရေးစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့၌ လူတိုင်းလက်လှမ်းမှီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ပခုက္ကူ  ဇန်နဝါရီ ၇

Universal Health Coverage Day UHC လူတိုင်းလက်လှမ်းမှီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ ညနေ ၃နာရီခွဲက ပခုက္ကူမြို့၊ လွတ်လပ်ရေးပန်းခြံ၌ ကျင်းပသည်။

သာယာဝတီမြို့တွင် လူငယ်ရေးရာမူဝါဒ မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

သာယာဝတီ ဇန်နဝါရီ ၇

သာယာဝတီမြို့တွင်  လူငယ်ရေးရာမူဝါဒ မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက သာယာဝတီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပခဲ့သည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ

ဝေါ ဇန်နဝါရီ ၇

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ဝေါမြို့ အခြေခံပညာ အထက်တန်းကျောင်း သီရိဇေယျာခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

 

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးကြည်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျောင်စိုးဦးနှင့် ဌာနဆိုင်ရာ အကြီးကဲများ မြို့နယ်ပညာရေးမှူးဒေါ်ခင်ဝင်းနှင့် ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများ၊ ဆုရ ကျောင်းသား/ကျောင်းသူများ မိဘများတက်ရောက်ခဲ့ကြသည်။

 

ကလိန်အောင်မြို့၌ တရားမဝင်သစ်တုံး (၈၇) တုံးနှင့် ယာဉ် (၂) စီး သိမ်းဆည်းရမိ

ကလိန်အောင် ဇန်နဝါရီ ၇

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ နတ်အိမ်တောင်သွားကားလမ်းတွင် ဇန်နဝါရီ  ၆ ရက် မနက် ၉ နာရီခန့်က တရားမဝင်သစ်သားစကွဲယားတုံး (၈၇) တုံးနှင့် ယာဉ်(၂)စီး သိမ်းဆည်းရမိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ကျင်းပမည့် တက္ကသိုလ်စာမေးပွဲတွင် ဖြေဆိုရန်လျှောက်ထားသူ ၃၆၈၈ ဦးရှိကြောင်း သိရ

ပွင့်ဖြူ ဇန်နဝါရီ ၇

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်တွင် ကျင်းမည့် တက္ကသိုလ်ဝင် စာမေးပွဲ တွင် ဖြေဆိုရန် လျှောက်ထားသူ ၃၆၈၈ ဦးရှိကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံး၏ စာရင်းမှတ်တမ်းအရ သိရသည်။

ယခင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပွင့်ဖြူမြို့နယ်၌ ဖြေဆိုရန် လျှောက်ထားသူဦးရေမှာ ၃၄၃၃ ဦးရှိခဲ့ရာ ယခုနှစ်တွင် ဖြေဆိုရန် လျှောက်ထားသူဦးရေမှာ ယခင်နှစ်ထက် ၂၀၀ ဦးကျော်ခန့် ပိုမိုများပြားလာကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နောက်ဖေးလမ်းကြားများရှိ အမှိုက်များ သန့်ရှင်းရေးဆောင်ရွက်

ရန်ကုန် ဇန်နဝါရီ ၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက် (၁၁၈) လမ်းနှင့် (၁၁၉) လမ်းများ၏ နောက်ဖေးလမ်းကြားများရှိ အမှိုက်များရှင်းလင်းခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်ကာ တာဝန်ရှိသူများနှင့် ပရဟိတလုပ်အားပေးသူများက ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ နောက်ဖေးလမ်းကြား သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ကြီးကြပ်ခဲ့ကြပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက လိုအပ်သည်များကို ပေါင်းစပ် ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ဂန့်ဂေါ ဇန်နဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များ အား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၈ နာရီတွင် အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာန ကျန်းမာရေး ဝန်ထမ်းများက လာ ရောက်၍ ဆေးထိုးနှံပေးသည်။

မကွေးမြို့နယ် လျောင်းတော်ဦးကျေးရွာ၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်လှစ်

မကွေး ဇန်နဝါရီ ၇

မကွေးမြို့နယ်၊ ဖုတ်ကုန်းကျေးရွာအုပ်စု၊ လျောင်းတော်ဦးကျေးရွာရှိ အထက်တန်းကျောင်းခွဲတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပသည်။

ပန်းတနော်မြို့၌ အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်

ပန်းတနော် ဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။

Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ