ဦးစီးဌာန(ရုံးချုပ်)

ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စွမ်းရည်မြှင့်သင်တန်း (၂/၂၀၂၀) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စွမ်းရည်မြှင့်သင်တန်း (၂/၂၀၂၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီး)ရုံး သင်တန်းကျောင်း၌ ကျင်းပခဲ့သည်။

တရုတ်နိုင်ငံသံရုံးမှ ကျွန်းစုမြို့နယ် ပထက်ကျေးရွာ အထကကျောင်းသို့ ကွန်ပျူတာများ၊ သုတရသစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများ၊ အားကစားပစ္စည်းများ လှူဒါန်း

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု ပထက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ ကွန်ပျူတာများ၊ သုတရသစာအုပ်များနှင့် ကျောင်းသား/ သူများအတွက် ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ အားကစားပစ္စည်းများ လှူဒါန်းပွဲကို ယနေ့ နေ့နံနက် (၁၁) နာရီခွဲက အဆိုပါကျောင်း ကျွန်းရွှေဝါခန်းမတွင် ကျင်းပခဲ့ကြသည်။

စလင်းမြို့နယ်တွင် စိုက်ပျိုးရေးဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

စလင်း၊ ဇန်နဝါရီ   ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများပူးပေါင်းအဖွဲ့သည်  ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အတွင်း တွင် ဖွင့်လှစ် ရောင်းချလျှက်ရှိသော စိုက်ပျိုးရေးဆေးဆိုင်များသို့သွားရောက်၍ စိုက်ပျိုးရေးဆေးပစ္စည်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီ-ကော့ကရိတ်အာရှလမ်းတွင် မှန်လုံယာဉ်နှင့်ပရိုဘောက်ကားတိုက်မိရာမှ လူ ၁၈ ဦးသေဆုံးပြီး ၃၄ ဦး ဒဏ်ရာရခဲ့

 

မြဝတီ   ဇန်နဝါရီ    ၃

 

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကော့ကရိတ်-မြဝတီအာရှလမ်း၊ ကွမ်းခြံကွေ့နေရာတွင် ယနေ့ နံနက် ၁၁ နာရီခန့်က ရန်ကုန်မှ မြဝတီသို့ မောင်းနှင်လာသည့် အလင်းရောင်မိုး မှန်လုံယာဉ်နှင့် မြဝတီမှထွက်ခွာသည့် ပရိုဘောက်ယာဉ်နှင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၄ ဦး အထိ ရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုတွင် ပရိုဘောက်ယာဉ်ပေါ်ပါ ၇ ဦးလုံးသေဆုံးခဲ့ပြီး မှန်လုံယာဉ်နှင့် ပရိုဘောက်ယာဉ်မှ သေဆုံးသူ ကျား ၁၂ ၊ မ ၆ ဦး စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

Subscribe to ဦးစီးဌာန(ရုံးချုပ်)