မြစ်ကြီးနားမြို့၌ ကွန်ပျူတာသင်တန်း၊ အခြေခံစက်ချုပ်သင်တန်းနှင့် အခမ်းအနားမှူးသင်တန်းဖွင့်ပွဲကျင်းပ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်းနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံကွန်ပျူတာ သင်တန်း၊ အခြေခံစက်ချုပ် သင်တန်းနှင့် အခမ်းအနားမှူး သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ဘက်စုံးသုံးခန်းမ၌ ကျင်းပခဲ့သည်။