ဆွမ်ပရာဘွမ်မြို့တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်ခြင်းနှင့် ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူ ဇော်ခြင်း အခမ်းအနားကျင်းပ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ ဓမ္မစင်္ကြာရွတ်ဖတ် ပူဇော်ခြင်းနှင့် ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။