နယ်ရုံးများ၏သတင်းများ

Apr 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့ နံနက်ပိုင်းက မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး(Talk Show)ကျင်းပခဲ့ကြောင်း သိရသည်။
Apr 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်၉ နာရီက လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေးနည်းလမ်းများ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တို့ပူးပေါင်းပြီး ယနေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ပြီး ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လူငယ်နှင့်အားကစား အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဧပြီလ(၆)ရက်နေ့ နံနက်(၉)နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Apr 06,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်နှင့် ရင်နှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ပင်ကိုယ်ဉာဏ်ရည် ဉာဏ်သွေးများ ပိုမိုထက်မြက် စေရန်၊ အသိပညာဗဟုသုတများ ရရှိစေရန်တို့ကို ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီ က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
Apr 06,2022
ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအား စာပေကို ချစ်မြတ်နိုးတန်ဖိုးထားတက်စေရန်၊ အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်း၊ စာပေမှရသော အသိပညာဗဟုသုတများ အတွေးအခေါ် အသိအမြင်များအား အချင်းချင်း မျှဝေတတ်စေရန်၊ စာပေမှရသော ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူမှု့ဘဝများ ဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုး သူများနှင့်စာဖတ်ဝိုင်း ကျင်းပ ပြုလုပ် ခဲ့သည်။
Apr 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ဝန်ထမ်းများ အရည်အသွေး တိုးတက်မြင့်မားစေရန်နှင့် ရုံးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် စနစ်ကျပြီးတိကျမှန်ကန်မှုရှိစေရန် ရည်ရွယ်၍ ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 06,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀နာရီက နွေရာသီ ကျောင်းပိတ် ရက်တွင် အားလပ်နေသောမူလတန်းအဆင့် ကျောင်းသားကျောင်းသူများ၊ ဉာဏ်ရည် ဉာဏ်တွေး ထက်မြက်လာစေရန်၊ပြင်ပ ဗဟုသုတများနှင့်အသိပညာများ တိုးပွားလာစေရန် နှင့်စာကြည့်တိုက်ကို အကျိုးရှိစွာ အသုံးပြုလာနိုင်စေရေးအတွက် ရည်ရွယ်ပြီး စကားပုံဆက်ပြိုင်ပွဲနှင့် ပျော်ရွယ်ဖွယ် ကစားနည်းများ ကျင်းပပေးခဲ့သည်။