နယ်ရုံးများ၏သတင်းများ

Apr 05,2022
၁၃၈၃ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်၊ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မဟာသင်္ကြန် ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Apr 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ စမ်းချောင်းမြို့နယ်၌ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ နွေရာသီတွင် ပန်းချီပညာကို တတ်မြောက်နိုင်စေရန် ရည်ရွယ်၍ နွေရာသီ အခမဲ့သင်တန်းအဖြစ် အခြေခံပန်းချီသင်တန်းကို ဧပြီလ(၃)ရက် နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စမ်းချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Apr 04,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ စာရေးဆရာအကြီးကိုကို(ကသာ)နှင့် ဆရာဆောင်းဝင်းလတ်တို့ ရေးသားသည့် ပြောပြချင်တဲ့လောက အမြင်အတွေးရသစာစုများ စာအုပ်ဖြင့် မြို့နယ် Book Club အဖွဲ့ဝင်များက ယနေ့ မွန်းလွဲ (၁)နာရီခွဲအချိန်ခန့်က စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
Apr 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီ အေရိုးဗစ်သင်တန်းကို ခရိုင်ပြန်ဆက် ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
Apr 04,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူး‌ပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်၊ လူရွယ်များအား ဉာဏ်ရည် မြင့်မားရေး စစ်တုရင်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ကျင်းပပြု လုပ်ခဲ့သည်။
Apr 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော “သမီးတို့ရဲ့ အနာဂတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေး ကျင်းပခဲ့ကြောင်း သိရသည်။