နယ်ရုံးများ၏သတင်းများ

Apr 02,2022
ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်း နှင့်မယ်စဲ့မြို့နယ်အသီးသီးရှိ စာစစ်ဌာန (၄)ခုတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၃၁ နေ့မှ စတင် ဖြေဆိုလျက်ရှိရာ (တတိယနေ့)တွင် သင်္ချာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ (၅၇၅) ဦးဆက်လက်၍ အေးချမ်းစွာဝင်ရောက်ဖြေဆိုလျက်ရှိသည်။
Apr 02,2022
၂၀၂၁-၂၀၂၂ ခုပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စစ်ဆေးဖြေဆိုကျင်းပလျက်ရှိ ရာ ကျေးရွာအုပ်စု ကျေးရွာများရှိ အခြေခံပညာအထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်းကျောင်းသား ကျောင်းသူများက စာစစ်ဌာနကျင်းပရာ ကရင်ပြည်နယ် ကော့ကရိတ ခရိုင် ကြာအင်းဆိပ်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနသို့ လာရောက် ဖြေဆိုလျက်ရှိကြောင်းသိရသည်။
Apr 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အားကစားခန်းမတွင် မြို့နယ် အားက စားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေရာသီအားကစား အခြေခံသင်တန်းများကို မတ်လ ၂၅ ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားပေးရာ မြန်မာသိုင်းပညာရပ်ပါ ထည့်သွင်း သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Apr 02,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲ ခရိုင်၊ မိုင်းငေါ့မြို့ လူထုအခြေပြု ဗဟိုဌာန Community Centre ရုံးခန်း၌ ကလေးငယ်များအား နွေရာသီကျောင်းပိတ် ရက်ကို အကျိုးရှိစွာအသုံးချတတ် စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက် နှင့် ရင်းနှီးကျွမ်းဝင် မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့ အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ စိတ်ကြိုက်ပန်းချီ ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်ခန့်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
Apr 02,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်ရေးရာဘက်စုံဖွံ့ဖြိုးရေး  အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရာယနေ့နံနက်ပိုင်းက အေရိုးဗစ် သင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Apr 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် သုခါ သံဃဿ သာမဂ္ဂီ၊ မြို့နယ်သံဃနာယက သြဝါဒခံယူပွဲကို ယမန်နေ့က မိုင်းယောင်းမြို့ ကျက်သရေ ဆောင် ဟိုခုံသာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပြောင်း မြို့နယ်သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သိရသည်။
Apr 02,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှဝန်ထမ်းများက မြို့အဝင်အထွက်ဂိတ်တွင် ယနေ့နံနက်ပိုင်းမှ စတင်၍ ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်) မပါရှိပဲခရီးသွား လာခြင်းကို ခွင့်မပြုတော့သဖြင့် ခရီးသွားပြည်သူများအားလုံး နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)များ ပါ/မပါ စတင်စစ်ဆေး ကြောင်းသိရသည်။
Apr 02,2022
ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မော်လ​မြိုင်ခရိုင်၊ သံဖြူဇရပ်​မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက စာရေးဆရာနတ်ရှင်( ရွှေဂူ) ရေးသား သည့်လူငယ်များ ကိုပျိုးထောင်ပေးပါ”  စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။