နယ်ရုံးများ၏သတင်းများ

Apr 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီက မီးခိုးမြူငွေ့အန္တရာယ် ဝိုင်းဝန်းပူးပေါင်း ကာကွယ် အသိပညာပေးဆွေးနွေးပွဲ(Talk Show) ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Apr 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် အမျိုးသမီးအသင်း (Women Club) အဖွဲ့ဝင်များဖြင့် စာရေးဆရာ နန္ဒဝင်း(ဆေး-၁)၏ “ လူတွေနားနေပါ ပညာတွေအလုပ်လုပ်ကြပါစေ ” စာအုပ်နှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Apr 02,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ(သင်္ချာဘာသာရပ်)ကို ယနေ့ နံနက် ၉ နာရီက အထက(နမ့်စန်)စာစစ်ဌာနနှင့် အထက(ခိုလမ်)စာစာဌာန ၂ခုတို့တွင် ဖြေဆိုခဲ့ရာ ဖြေဆိုမည့်စာရင်းရှိ ၇၅၅ ဦးတွင် လာရောက် ဖြေဆိုသူ ၆၈၉ ဦးရှိပြီး   ဖြေဆိုရန်ပျက်ကွက်သူ  ၆၆ ဦးရှိကြောင်းသိရသည်။
Apr 02,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့ နေ့လယ်ပိုင်းတွင် ကျွဲရိုင်းပြင်​ကျေးရွာအုပ်စု ရွာသစ်​ကျေးရွာသို့ ကွင်းဆင်းအသိပညာ​ပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က စာရေးဆရာ နတ်သျှင်(ရွှေဂူ) ရေးသားသော “လူငယ်များ၏ ရွှေရောင် မနက်ဖြန်”စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
Apr 02,2022
 တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂  ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွကို စာစစ်ဌာန(၃)ခုအတွင်း စာမေးပွဲဖြေဆို လျက်ရှိရာ ယနေ့ နံနက်၉ နာရီမှ ၁၂ နာရီအချိန်အထိ (တတိယ)နေ့၊ သင်္ချာဘာသာအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆက်လက်ဖြေဆိုကြကြောင်း သိရသည်။
Apr 02,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင်  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စာစစ်ဌာန(၇)ခု၌ ကျောင်းသား၊ ‌ကျောင်းသူများအေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြကြောင်း သိရသည်။
Apr 02,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြိုနယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္က သိုလ်ဝင် စာမေးပွဲ တတိယနေ့အဖြစ် ဧပြီ(၂)ရက်နေ့ နံနက်(၉)နာရီက၊ သင်္ချာ ဘာသာရပ်ကို စတင်ဖြေဆို ကြရာ၊ မွန်းတည့် (၁၂) နာရီတွင် စာစစ်ဌာနအားလုံး အေးချမ်းစွာဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။